Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 5:4

Judson Bible

ဘု​ရား​သ​ခင့်​ထံ​တော်၌ သ​စ္စာ​က​တိ​ပြု​မိ​လျှင်၊ သ​စ္စာ​ဝတ်​ကို မ​ဖြေ​ဘဲ​မ​နေ​နှင့်။ မိုက်​သော​သူ​တို့​ကို အား​ရ​နှစ်​သက်​တော်​မ​မူ။ သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း ဝတ်​ကို​ဖြေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယာ​ကုပ်​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​ရှိ​လျက်၊ ငါ​ယ​ခု​သွား​ရာ​လမ်း​မှာ၊ ငါ့​ကို​စောင့်​မ၍ စား​စ​ရာ​အ​စား၊ ဝတ်​စ​ရာ​အ​ဝတ်​ကို ပေး​သ​နား​တော်​မူ​လျှင်​လည်း​ကောင်း၊

ထို​နောက် ဘု​ရား​သ​ခင်​က၊ သင်​ထ၍​ဗေ​သ​လ​အ​ရပ်​သို့​သွား​နေ​လော့။ သင်​သည် အစ်​ကို​ဧ​သော​ထံ​မှ​ပြေး​သော​အ​ခါ၊ သင့်​အား​ထင်​ရှား​သော ဘု​ရား​သ​ခင်​အ​ဖို့၊ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်​လော့​ဟု၊ ယာ​ကုပ်​အား​မိန့်​တော်​မူ၏။

ယ​ခု​ထ၍ ဗေ​သ​လ​အ​ရပ်​သို့​သွား​ကြ​စို့။ ငါ​သည်​ဆင်း​ရဲ​ခံ​ရ​သော​ကာ​လ ငါ့​ကို​ထူး၍၊ ငါ​သွား​သော​လမ်း၌​ကြွ​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖို့ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​ငါ​တည်​မည်​ဟု ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ လူ​များ​ရှေ့၌ သ​စ္စာ​ဝတ်​ကို ဖြေ​မည်။

ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။

အ​ကျွန်ုပ်​သည် မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​ရှေ့​မှာ၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။

သ​စ္စာ​က​တိ​ပြု​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​ဝတ်​ကို​လည်း ဖြေ​ကြ​လော့။ ကိုယ်​တော်၏​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ထံ​တော်​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​ကြ​စေ။

ဘု​ရား​အ​မှု၌ စ​ကား​လွန်​မိ​သော​သူ၊ သ​စ္စာ​က​တိ​ထား​ပြီး​မှ မေး​မြန်း​သော​သူ​သည် ကျော့​ကွင်း​နှင့် တွေ့​မိ​ပြီ။

အဲ​ဂု​တ္တု​ပြည်​တွင် ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရ​ကြ​သည်​ဖြစ်၍ ထို​ကာ​လ၌ အဲ​ဂု​တ္တု​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​သော​ကြောင့်၊ ပူ​ဇော်​သ​ကာ အ​လှူ​ဒါ​န​ကို​ဆက်​ကပ်၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သ​စ္စာ​က​တိ​ထား၍၊ ထား​သည်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။

သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လူ​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ပြော​သော​စ​ကား​ကို မ​ဖျက်​ဘဲ၊ မိ​မိ​နှုတ်​ထွက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။

တစ်​ဖန်​တုံ၊ မ​ဟုတ်​မ​မှန်​ဘဲ​လျက် ကျိန်​ဆို​ခြင်း​ကို မ​ပြု​ရ။ ကျိန်​ဆို​ခြင်း​ကို ပြု​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ တည်​စေ​လော့​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-

မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ ယဇ်​များ​ကို အား​ရ​နှစ်​သက်​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊-

ယေ​ဖ​သ​သည် သူ့​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ အို ငါ့​သ​မီး၊ သင်​သည် ငါ့​ကို အ​လွန်​နှိမ့်​ချ​ပြီ​တ​ကား။ ငါ့​ကို နှောင့်​ယှက်​သော​သူ​တစ်​ယောက် ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​အား ငါ​လျှောက်​ထား​ပြီ။ နုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ