Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 5:11

Judson Bible

ဥ​စ္စာ​တိုး​ပွား​သော​အ​ခါ စား​ရ​သော​သူ​တို့​သည်​လည်း တိုး​ပွား​များ​ပြား​ကြ၏။ ဥ​စ္စာ​ရှင်​သည် မျက်​စိ​နှင့် ကြည့်​ရှု​ခြင်း​ကျေး​ဇူး​မှ​တစ်​ပါး အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​သည် ထို​မိန်း​မ​အ​တွက် အာ​ဗြံ၌​ကျေး​ဇူး​ပြု​သ​ဖြင့်၊ သူ​သည် သိုး၊ နွား၊ မြည်း​ထီး၊ မြည်း​မ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​များ​နှင့်​ကြွယ်​ဝ၏။

ထို​အ​ခါ အာ​ဗြံ​သည်၊ သိုး၊ နွား​စ​သည်​တို့​ကို​လည်း​ကောင်း၊ ရွှေ​ငွေ​ကို​လည်း​ကောင်း​အ​လွန်​ရ​တတ်​၏။

ပျောက်​တတ်​သော​အ​ရာ​ကို စေ့​စေ့​မျက်​မှောက်​ပြု​သင့်​သ​လော။ အ​ကယ်​စင်​စစ် ရွှေ​လင်း​တ​သည် မိုး​ကောင်း​ကင်​သို့ ပျံ​တတ်​သ​ကဲ့​သို့၊ ထို​အ​ရာ​သည် အ​တောင်​တို့​ကို​လုပ်၍ ပျံ​သွား​တတ်၏။

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

ထို​သို့ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိုး​ပွား၍ ကြီး​မြင့်​ခြင်း​သို့ ရောက်၏။ ငါ့​ပ​ညာ​လည်း တည်​လျက်​ရှိ၏။

အ​လုပ်​လုပ်​သော​သူ​သည် များ​စွာ​စား​သည် ဖြစ်​စေ၊ အ​နည်း​ငယ်​စား​သည် ဖြစ်​စေ၊ အ​အိပ်​မြိန်​တတ်၏။ ရ​တတ်​သော​သူ၏ စည်း​စိမ်​မူ​ကား၊ စည်း​စိမ်​ရှင်​ကို အ​အိပ်​ပျက်​စေ​တတ်၏။

ကိုယ်​တိုင်​တွေ့​မြင်​ခြင်း​အ​ကျိုး​သည် လော​ဘ​ပြန့်​ပွား​ခြင်း​အ​ကျိုး​ထက် သာ၍​ကြီး၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

ကော​ရ​ငှက်​သည် မိ​မိ​မ​ဥ​သော​ဥ​ကို ဝပ်​သ​ကဲ့​သို့၊ မ​တ​ရား​သ​ဖြင့် ဥ​စ္စာ​ဆည်း​ပူး​သော​သူ​သည် အ​သက်​ပျို​စဉ်​က​ပင်၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်၍ အ​ဆုံး၌​ကား၊ လူ​မိုက်​ဖြစ်​လိမ့်​မည်။

လူ​များ​တို့​သည် မီး​ထဲ​မှာ လုပ်​ဆောင်၍၊ အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​သော အ​မှု၌ ပင်​ပန်း​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ပြီ။

လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ