ဒေသနာကျမ်း။ 5:10Judson Bibleငွေကိုတပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ရှေ့တော်၌ ကောင်းသောသူအား ဉာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကိုပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာအလုပ်လုပ်ရသောအခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဖို့၊ ဆည်းပူးသိုထားရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
လူသည် အဖော်အဖက်၊ သားသမီး၊ ညီအစ်ကိုမရှိ၊ တစ်ယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ်၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည်ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဖို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။