Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 3:7

Judson Bible

အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

ရု​ဗင်​သည်​လည်း တွင်း​သို့​သွား၍၊ တွင်း​ထဲ​မှာ​ယော​သပ်​မ​ရှိ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်​လျက်၊

မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ လျှော်​တေ​အ​ဝတ်​ကို​ပတ်​စည်း​သ​ဖြင့်၊ အင်​တန်​ကာ​လ​ပတ်​လုံး၊ သား​ကြောင့် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ​လေ​၏။

ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။

သူ​ငယ်​သည် ကျွန်​တော်၌​မ​ပါ​လျှင်၊ ကျွန်​တော်​အ​ဘ​ထံ​သို့ အ​ဘယ်​သို့​ကျွန်​တော်​သွား​နိုင်​ပါ​မည်​နည်း။ သို့​ပြု​လျှင် ကျွန်​တော်​အ​ဘ၌​ရောက်​လ​တ္တံ့​သော ဘေး​ဥ​ပဒ်​ကို ကျွန်​တော်​မြင်​ရ​ပါ​လိမ့်​မည်​တ​ကား​ဟု လျှောက်​လေ၏။

ထို​အ​ခါ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​နည်း​တူ​ပြု​ကြ၏။

ဒါ​ဝိဒ်​က​လည်း၊ ယွာ​ဘ​နှင့် မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အာ​ဗ​နာ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​လော့​ဟု အ​မိန့်​တော်​ရှိ၍ ကိုယ်​တော်​တိုင် မ​သာ​လိုက်​လေ၏။

သို့​ရာ​တွင် ဧ​လိ​ယ​ဆင့်​ဆို​သော​စ​ကား​တော်​ကို ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်၏။ အ​စာ​ရှောင်​ခြင်း၊ လျှော်​တေ​အ​ဝတ်၌ အိပ်​ခြင်း​ကို​ပြု၍ ဖြည်း​ဖြည်း​သွား​လာ၏။

ယု​ဒ​လူ​တို့​လည်း စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ထို​စာ​ကို​ကြည့်​ပြီး​မှ၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ ငါ​သည်​အ​သက်​ပေး​ပိုင်၊ နုတ်​ပိုင်​သော​ဘု​ရား​ဖြစ်​သော​ကြောင့်၊ ဤ​သူ​သည် လူ​နူ​ကို​ချမ်း​သာ​ပေး​စေ​ခြင်း​ငှာ ငါ့​ထံ​သို့​စေ​လွှတ်​သ​လော။ ကြည့်​ကြ​လော့။ ဤ​သူ​သည် ငါ့​ကို​အ​ဘယ်​မျှ​လောက် ရန်​ရှာ​ချင်​သည်​ကို ကြည့်​ကြ​လော့​ဟု ဆို၏။

ရှင်​ဘု​ရင်​သည် ထို​မိန်း​မ၏​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို ဆုတ်​လေ၏။ မြို့​ရိုး​ပေါ်​မှာ​လျှောက်​သွား​စဉ် လူ​တို့​သည်​ကြည့်၍၊ အ​တွင်း၌ လျှော်​တေ​အ​ဝတ်​ဖြင့် ဝတ်​တော်​မူ​ကြောင်း​ကို​သိ​မြင်​ရ​ကြ၏။

ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။

ခု​နစ်​ရက်​ပတ်​လုံး ယော​ဘ​နှင့်​အ​တူ မြေ​ပေါ်​မှာ​ထိုင်၍၊ သူ​သည် ပြင်း​စွာ​သော​ဆင်း​ရဲ ခံ​ရ​ကြောင်း​ကို သိ​မြင်​လျှင်၊ အ​ဘယ်​သူ​မျှ စ​ကား​မ​ပြော​မ​ဆို​ဘဲ နေ​ကြ၏။

စ​ကား​မ​ပြော​ဘဲ အ​လျက်​နေ၏။ ကောင်း​သော​အ​ရာ​ကို​ပင် မ​ပြော။ ထို​သို့​နေ​စဉ်၊ ငါ​သည် စိတ်​ညစ်​ညူး​ခြင်း​ရှိ၏။

ဆည်း​ပူး​ရ​သော​အ​ချိန်​နှင့် ဥ​စ္စာ​ပျောက်​ရ​သော အ​ချိန်​လည်း ရှိ၏။ သို​ထား​ရ​သော​အ​ချိန်​နှင့် ပစ်​လိုက်​ရ​သော​အ​ချိန်​လည်း ရှိ၏။

ယု​ဒ​လူ​တို့​လည်း၊ စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။

ရှင်​ဘု​ရင်​မှ​စ၍၊ ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ကြား​သော ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​မျှ မ​ကြောက်၊ မိ​မိ​အ​ဝတ်​ကို​လည်း မ​ဆုတ်​ကြ။

ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။

ထမ်း​ပိုး​ကို တင်​တော်​မူ​သော​ကြောင့် တစ်​ယောက်​တည်း​ထိုင်၍ ငြိမ်​ဝပ်​စွာ​နေ​စေ။

အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။

ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။

ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ဆွေ​ခင်​ပွန်း​ကို မ​ယုံ​နှင့်။ လမ်း​ပြ​သော​သူ​ကို အ​မှီ​မ​ပြု​နှင့်။ သင့်​ရင်​ခွင်၌ အိပ်​သော​မ​ယား​ကို မ​ယုံ​မူ၍၊ သင့်​နှုတ်​တံ​ခါး​ကို ပိတ်​ထား​လော့။

ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။-

ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။-

မြည်း​တို့​ကို​တွေ့​ပြီ​ဟု ရှ​မွေ​လ​သည် အ​တပ်​ပြော​ကြောင်း​ကို​သာ ရှော​လု​သည် ဘ​ထွေး​အား​ပြန်​ပြော၍၊ ရှ​မွေ​လ​ပြော​သော နိုင်​ငံ​အ​မှု​အ​ရေး​ကို ဘ​ထွေး​အား​မ​ကြား​မ​ပြော​ဘဲ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ