Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 3:6

Judson Bible

ဆည်း​ပူး​ရ​သော​အ​ချိန်​နှင့် ဥ​စ္စာ​ပျောက်​ရ​သော အ​ချိန်​လည်း ရှိ၏။ သို​ထား​ရ​သော​အ​ချိန်​နှင့် ပစ်​လိုက်​ရ​သော​အ​ချိန်​လည်း ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော၊ ပါ​ဒ​နာ​ရံ​အ​ရပ်၌​ရ​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့်၊ ရ​တတ်​သ​မျှ​သော ဥ​စ္စာ​တို့​ကို​ဆောင်​ယူ၍၊ အ​ဘ​ဣ​ဇာက်​နေ​ရာ ခါ​နာန်​ပြည်​သို့ ခ​ရီး​သွား​လေ၏။

ဧ​လိ​ရှဲ​က၊ ထို​လူ​သည် သင့်​ကို​ကြို​ဆို​အံ့​သော​ငှာ၊ ရ​ထား​ပေါ်​မှ​လှည့်​သော​အ​ခါ၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် သင်​နှင့်​အ​တူ မ​လိုက်​သ​လော။ ငွေ​ကို​ခံ​ယူ​ချိန် ရှိ​သ​လော။ အ​ဝတ်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး​နွား၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို သိမ်း​ယူ​ချိန်​ရှိ​သ​လော။

ယော်​ဒန်​မြစ်​တိုင်​အောင် လိုက်​ကြ၏။ ရှု​ရိ​လူ​တို့​သည် အ​လျင်​အ​မြန်၊ ပြေး​ရာ​တွင်၊ ပစ်​ခဲ့​သော အ​ဝတ်​တန်​ဆာ​တို့​သည် လမ်း၌​ပြည့်​လျက်​ရှိ​ကြ၏။ စေ​လွှတ်​သူ​တို့​သည် ပြန်​လာ၍ နား​တော်​လျှောက်​ကြ၏။

ဟာ​ဇေ​လ​သည် ကု​လား​အုတ်​လေး​ဆယ်​အ​ပေါ်​မှာ ဒ​မာ​သက်​ဥ​စ္စာ​များ​ကို​တင်၍၊ လက်​ဆောင်​ကို​ဆောင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို ပြု​ခြင်း​ငှာ​သွား၍ ရှေ့​တော်၌​ရပ်​လျက်၊ ကိုယ်​တော်၏​သား ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​က၊ ငါ​သည် ဤ​အ​နာ​မှ​ထ​မြောက်​ရ​မည်​လော​ဟု မေး​မြန်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​ကို​စေ​လွှတ်​ပါ​သည်​ဟု ဆို၏။

သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။

သင်၏​အ​စာ​ကို ရေ​ပေါ်​မှာ​ပစ်​ချ​လော့။ ကာ​လ​ကြာ​မြင့်​မှ တစ်​ဖန်​တွေ့​လေ​ဦး​မည်။

ကျောက်​တို့​ကို ဖြန့်​ကြဲ​ရ​သော​အ​ချိန်​နှင့် စု​သိမ်း​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖက်​ယမ်း​ရ​သော​အ​ချိန်​နှင့်၊ မ​ဖက်​ယမ်း​ဘဲ ခွဲ​ခွာ၍ နေ​ရ​သော​အ​ချိန်​လည်း​ရှိ၏။

အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။

ထို​ကာ​လ၌ လူ​တို့​သည် မိ​မိ​တို့​ကိုး​ကွယ်​ဖို့ မိ​မိ​တို့​လုပ်​ဖူး​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တို့​ကို ပွေး​များ၊ လင်း​နို့​များ၌ ပစ်​ထား​ကြ​လိမ့်​မည်။

ထို​အ​ခါ သင်္ဘော​သား​တို့​သည် ကြောက်​ရွံ့၍ အ​သီး​အ​သီး မိ​မိ​တို့​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ သင်္ဘော​ပေါ့​စေ​ခြင်း​ငှာ ဝန်​များ​ကို​လည်း ပင်​လယ်​ထဲ​သို့ ပစ်​ချ​ကြ၏။ ယော​န​မူ​ကား၊ သင်္ဘော​ဝမ်း​ထဲ​သို့ ဆင်း၍ အိပ်​ပျော်​လျက်​နေ၏။

အ​ကြင်​သူ​သည် ငါ၏​နာ​မ​ကြောင့် အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။ ထို​သူ​သည် အ​ဆ​တစ်​ရာ သော​အ​ကျိုး​ကို ရ၍ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​လ​တ္တံ့။-

သုံး​ရက်​မြောက်​သော​နေ့၌ သင်္ဘော​တန်​ဆာ​များ​ကို ကိုယ်​လက်​နှင့် ကိုင်​ယူ၍ ပစ်​လိုက်​ကြ၏။-

ဝ​စွာ​စား​ပြီး​မှ ဆန်​စ​ပါး​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ၍ သင်္ဘော​ကို ပေါ့​စေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ