Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 10:18

Judson Bible

အ​လွန်​ပျင်း​ရိ​ခြင်း​အား​ဖြင့် အိမ်​သည်​ဆွေး​မြေ့​တတ်၏။ လက်​နှင့် မ​ပြု​ပြင်​ဘဲ​နေ​လျှင် အိမ်​မိုး​ယို​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​သည် အ​စိုး​ရ​တတ်၏။ ပျင်း​ရိ​သော​သူ​မူ​ကား၊ အ​ခွန်​ပေး​ရ၏။

ပ​ညာ​ရှိ​သော​မိန်း​မ​သည် မိ​မိ​အိမ်​ကို တည်​ဆောက်​တတ်၏။ မိုက်​သော​မိန်း​မ​မူ​ကား၊ ကိုယ်​လက်​နှင့် ဖြို​ဖျက်​တတ်၏။

ချမ်း​သော​ကြောင့် ပျင်း​ရိ​သော​သူ​သည် လယ်​မ​လုပ်​လို။ ထို​ကြောင့် စ​ပါး​ရိတ်​သော​ကာ​လ၌ သူ​တစ်​ပါး​ကို တောင်း​သော်​လည်း မ​ရ​ရာ။

ပျင်း​ရိ​သော​သူ​သည် အ​လုပ်​မ​လုပ်​ချင်​သော​ကြောင့်၊ မိ​မိ​တပ်​မက်​သော​အား​ဖြင့် သေ​တတ်၏။

သောက်​ကြူး​သော​သူ​နှင့် စား​ကြူး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​လိမ့်​မည်။ အိပ်​ကြူး​သော​သ​ဘော​သည် လူ​ကို အ​ဝတ်​စုတ်​နှင့် ခြုံ​တတ်၏။

သင်​တို့​ရှိ​သ​မျှ​သည် ပျင်း​ရိ​ခြင်း​နှင့် ကင်း​လွတ်၍၊ ယုံ​ကြည်​ခြင်း​နှင့် သည်း​ခံ​ခြင်း​အား​ဖြင့် က​တိ​တော်​တို့​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​နည်း​တူ ကျင့်​နိုင်​မည်​အ​ကြောင်း၊ ထို​သို့​သော လုံ့​လ​ဝိ​ရိ​ယ​ကို ထုတ်၍၊ အ​ဆုံး​တိုင်​အောင် ယုံ​မှား​ခြင်း​နှင့် ကင်း​သော မျှော်​လ​င့်​ခြင်း​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​တို့​သည် အ​လို​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ