မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှ အားဖြည့်ခြင်းငှာသာ၊ စားသောက်တတ်သောပြည်သည် မင်္ဂလာရှိ၏။
သေရည်သေရက်ကို သောက်အံ့သောငှာ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှာ၊ ညကိုလည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
သူတို့၏မင်းသည် သူတို့အမျိုး ဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသောသူသည် သူတို့ကို အုပ်စိုးရလိမ့်မည်။ ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှာ၊ အဘယ်သူသည် မိမိစိတ်ကိုတန်းစေသနည်း။
စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။