Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:32

Judson Bible

ဂျုံ​စ​ပါး၊ ကောက်​စ​ပါး​ပင်​ကို​ကား​မ​ထိ။ ထို​အ​ပင်​တို့​သည် မ​ပေါက်​ကြ​သေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဗောင်​လူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆွဲ​ထား၍၊ ထို​သူ​ခု​နစ်​ယောက်​တို့​သည် မု​ယော​စ​ပါး​ရိတ်​စ​ကာ​လ၊ တစ်​နေ့​ချင်း​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ၍ တစ်​ပြိုင်​နက်​သေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍ မိုး​သီး​မ​ဖျက်၊ မြေ​ပေါ်​မှာ ကျန်​ရစ်​သော​အ​ပင်​ရှိ​သ​မျှ​တို့​ကို စား​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

မော​ရှေ​သည် မိ​မိ​လက်​ကို​မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​၌ ထူ​ထပ်​သော​မှောင်​မိုက်​သည် သုံး​ရက်​ပတ်​လုံး ဖြစ်​လေ၏။

မြေ​မ​ထင်​ပေါ်​နိုင်​အောင် သူ​တို့​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​ကြ​လိမ့်​မည်။ မိုး​သီး​မ​ဖျက်၊ သင်​တို့​၌​ကျန်​ကြွင်း​သေး​သ​မျှ​ကို​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ မြေ​၌ ပေါက်​သ​မျှ​သော​အ​ပင်​တို့​ကို​လည်း​ကောင်း စား​ကြ​လိမ့်​မည်။

ပိုက်​ဆန်​ပင်၊ မု​ယော​ပင်​ကို​မိုး​သီး​ထိ၏။ မု​ယော​ပင်​သည် အ​သီး​အ​နှံ​နှင့်​ပြည့်​စုံ​ပြီ။ ပိုက်​ဆန်​ပင်​လည်း​အ​သီး​မှည့်​ပြီ။

မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်၍ မြို့​ပြင်​သို့​သွား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​ဝါး​တို့​ကို​ဖြန့်​သ​ဖြင့်၊ မိုး​ကြိုး​နှင့်​မိုး​သီး​စဲ​လေ၏။ မြေ​ပေါ်၌​လည်း မိုး​မ​ရွာ။

လယ်​မျက်​နှာ​ကို ညှိ​ပြီး​မှ စ​မုန်​နက်​မျိုး​စေ့၊ ဇီ​ယာ​မျိုး​စေ့​ကို ကြဲ​သည်​မ​ဟုတ်​လော။ ဂျုံ​စ​ပါး​မျိုး​စေ့​ကို အ​တန်း​တန်း​စိုက်၍၊ မု​ယော​စ​ပါး​နှင့် ကောက်​စ​ပါး​မျိုး​စေ့ အ​သီး​အ​သီး​တို့​ကို သူ​တို့​အ​ရပ်၌ ကြဲ​သည်​မ​ဟုတ်​လော။

ထို​မှ​တစ်​ပါး၊ ဂျုံ​ဆန်၊ မု​ယော​ဆန်၊ ပဲ​ဆန်​နှစ်​မျိုး​နှင့် ပြောင်း​ဆန်၊ ကောက်​ဆန်​တို့​ကို ယူ၍ အိုး​တစ်​လုံး၌ ရော​နှော​လျက်​ထား​ရ​မည်။ နံ​စောင်း​တစ်​ဖက်​ဖြင့် အိပ်​ရ​သော​နေ့​ရက် သုံး​ရာ​ကိုး​ဆယ်​ပတ်​လုံး၊ ထို​ရော​နှော​သော ဆန်​ကို မုန့်​လုပ်၍ စား​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ