ပိုက်ဆန်ပင်၊ မုယောပင်ကိုမိုးသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန်ပင်လည်းအသီးမှည့်ပြီ။
ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါးရိတ်စကာလ၊ တစ်နေ့ချင်းတွင် အသေသတ်ခြင်းကိုခံရ၍ တစ်ပြိုင်နက်သေကြ၏။
ဂျုံစပါး၊ ကောက်စပါးပင်ကိုကားမထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။
လေထိ၍ အပင်သေခြင်း၊ အရည်ယို၍သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင် မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မျှော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူ ချွေးမရုသနှင့်အတူ နောမိသည်ပြန်လာ၍၊ မုယောစပါးကို ရိတ်စကာလ၌ ဗက်လင်မြို့သို့ရောက်ကြ၏။
သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင် ဗောဇ၏ကျွန်မတို့၌ မှီဝဲလျက်၊ စပါးကျန်ကိုကောက်၍ ယောက္ခမထံမှာ နေလေ၏။