စပါးရိတ်ရာကာလ မရောက်မီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှာ မိုးကိုငါဆီးတားပြီ။ မြို့တစ်မြို့ပေါ်မှာ ရွာစေခြင်းငှာလည်းကောင်း၊ တစ်မြို့ပေါ်မှာ မရွာစေခြင်းငှာလည်းကောင်းပြုလျက်၊ မြေတစ်ကွက်သည် မိုးရေကိုခံရ၍ တစ်ကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏။