Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:18

Judson Bible

ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယေ​ဇ​ဗေ​လ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​မှ၊ သင့်​အ​သက်​သည် ထို​ပ​ရော​ဖက်​တို့၏ အ​သက်​ကဲ့​သို့ ငါ​မ​ဖြစ်​စေ​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု တ​မန်​ကို ဧ​လိ​ယ​ထံ​သို့​စေ​လွှတ်၍ ကြား​လိုက်၏။

နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​သော​အ​ခါ ငါ့​ကျွန်​တို့​ကို ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် သင်​နေ​သော​အိမ်​နှင့် သင့်​ကျွန်​နေ​သော အိမ်​တို့​ကို​စစ်၍ အ​လို​ရှိ​သ​မျှ​တို့​ကို ယူ​စေ​ရ​မည်​ဟု မှာ​လိုက်​သ​တည်း။

ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​လျှင်၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ၌ ရောင်း​ရ​လိမ့်​မည်​ဟု ဆင့်​ဆို၏။

ဘု​ရား​သ​ခင်၏​လူ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​လျှင်၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ၌ ရောင်း​ရ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား​ဆင့်​ဆို​သည်​အ​တိုင်း ဖြစ်၏။

ဒဏ်​ခတ်​သော်​လည်း​ကောင်း၊ မြေ​တော်​ကို ပြု​စု​သော်​လည်း​ကောင်း၊ ချမ်း​သာ​ပေး​သော်​လည်း​ကောင်း လာ​စေ​တော်​မူ၏။

သင်​သည် မိုး​ပွင့်​ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ ဝင်​ဖူး​သ​လော။

ဘေး​ရောက်​ရာ အ​ချိန်​ကာ​လ​နှင့် စစ်​ပြိုင်၍ တိုက်​ရာ​အ​ချိန်​ကာ​လ​ဖို့၊ ငါ​သို​ထား​သော မိုး​သီး​ဘ​ဏ္ဍာ​များ​ကို မြင်​ဖူး​သ​လော။

ထို​နည်း​တူ၊ မိုး​သက်​မုန်​တိုင်း​တော်​အား​ဖြင့် သူ​တို့​ကို​ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​သော လေ​တော်​အား​ဖြင့် ခြောက်​လှန့်​တော်​မူ​ပါ။

ထို​ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​လုံး​ကို​လွှမ်း​မိုး၍၊ ပြည်​နယ်​နိ​မိတ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နား​သ​ဖြင့် အ​လွန်​များ​ပြား​ကြ၏။ ထို​သို့​သော ကျိုင်း​တို့​သည် ရှေး​က​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း​မ​ဖြစ်​ရ​လ​တ္တံ့။

သင်၏​ဘိုး​ဘေး​တို့​သည် မြေ​ပေါ်​မှာ​ဖြစ်​သည်​ကာ​လ​မှ​စ၍၊ ယ​နေ့​တိုင်​အောင် မ​မြင်​ဖူး​သ​ကဲ့​သို့၊ သင်၏​အိမ်​များ၊ သင်၏​ကျွန်​တို့​အိမ်​များ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၏ အိမ်​များ​တို့​ကို ဖြည့်​ကြ​လိမ့်​မည်​ဟု​ဆို​ပြီး​လျှင်၊ လှည့်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။

အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ရှေး​ကာ​လ၌​မ​ဖြစ်​စ​ဖူး၊ နောင်​ကာ​လ၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​ရ​လိမ့်​မည်။

သင်​သည်​ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ၊ သူ​တို့​ကို​စော်​ကား​သေး​သ​လော။

ထို​မိုး​သီး​ဘေး​ဒဏ် အ​လွန်​ကြီး​သည်​ဖြစ်၍၊ လူ​တို့​သည် မိုး​သီး​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ