Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:17

Judson Bible

သင်​သည်​ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ၊ သူ​တို့​ကို​စော်​ကား​သေး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဘု​ရား​သ​ခင်၏ လက်​ရုံး​ကဲ့​သို့​သော လက်​ရုံး​ရှိ​သ​လော။ ဘု​ရား​သ​ခင်၏ အ​သံ​ကဲ့​သို့​သော​အ​သံ​နှင့် မိုး​ချုန်း​နိုင်​သ​လော။

ဘု​ရား​သ​ခင်​သည် ထူး​ဆန်း​သော​ဉာဏ်၊ ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​သည် အာ​ဏာ​တော်​ကို ဆန်၍​အောင်​နိုင်​သ​နည်း။

အ​ကယ်​စင်​စစ် ငါ့​တန်​ခိုး​ကို သင်၌​ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​ငါ​ချီး​မြှောက်​ခဲ့​ပြီ။

ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။

ကြိမ်​လုံး​သည် ကိုင်​သော​သူ​ကို လှုပ်​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ဝှေး​သည် မိ​မိ​သ​ခင်​ကို ချီ​ကြွ​သ​ကဲ့​သို့​လည်း​ကောင်း၊ ပု​ဆိန်​သည် ခုတ်​သော​သူ​ကို စော်​ကား​ရ​မည်​လော။ လွှ​သည် တိုက်​သော​သူ​ကို ရန်​ပြု၍​ထောင်​လွှား​ရ​မည်​လော။

အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။

ငါ၌ သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို နှာ​ရှုတ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။

အ​ကြင်​သူ​သည် မိ​မိ​ကို ဖန်​ဆင်း​သော​သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု၏၊ ထို​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မြေ​အိုး​ခြမ်း​တို့​တွင် အိုး​ခြမ်း​ပါ​တ​ကား။ အိုး​မြေ​က၊ သင်​သည် အ​ဘယ်​သို့​သော​အ​ရာ​ကို လုပ်​သ​နည်း​ဟု အိုး​ထိန်း​သ​မား​ကို ဆို​ရ​မည်​လော။ ငါ့​ကို​လုပ်​သော​သူ၌ လက်​မ​ရှိ​ဟု သင်​လုပ်​သော​အ​ရာ​က ဆို​ရ​မည်​လော။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ကိုယ်​ကို ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော​ကြောင့်၊

မာန်​မာ​န​စိတ်​နှင့် ထောင်​လွှား​စော်​ကား​ခြင်း ရှိ​သော​အ​ခါ၊ ဘုန်း​တန်​ခိုး​ကွယ်​ပျောက်၍ နန်း​တော်​မှ​ကျ၏။

ထို​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို မ​ထောက်​ထား​သော​ကြောင့်၊ ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒဏ်​ခတ်၍၊ ကိုယ်​တွင်း၌ ပိုး​များ​ကိုက်​သ​ဖြင့် အ​နိ​စ္စ​ရောက်​လေ၏။-

သ​ခင်​ဘု​ရား အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ ငါ​တို့ ပြု​ရ​ကြ​သ​လော။ ငါ​တို့​သည် သ​ခင်​ဘု​ရား​ထက်​သာ၍ တန်​ခိုး​ကြီး​ကြ​သ​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ