ဖာရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကိုတောင်းပန်လေ၏။
မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကိုတောင်းပန်လေ၏။
အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖာရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော်မူသော ဖားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပတ္ထနာပြုလေ၏။
ထာဝရဘုရားသည်လည်း၊ မောရှေစကားကိုနားထောင်၍ ယင်ရဲတို့ကို ဖာရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တစ်ကောင်မျှမကျန်စေခြင်းငှာ ပယ်ရှားတော်မူ၏။
မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကိုဖြန့်သဖြင့်၊ မိုးကြိုးနှင့်မိုးသီးစဲလေ၏။ မြေပေါ်၌လည်း မိုးမရွာ။
အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်၊ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပတ္ထနာသည် အလွန်တန်ခိုးပါ၏။-