Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 8:29

Judson Bible

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ​ထွက်​သွား၍ ယင်​ရဲ​တို့​သည် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ လူ​များ​ထံ​မှ၊ နက်​ဖြန်​နေ့​သွား​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန်​ဆီး​တား၍ လှည့်​စား​တော်​မ​မူ​ပါ​နှင့်​ဟု​လျှောက်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​စီ​ရင်​သော အ​မှု​တို့​သည် အ​လွန်​အံ့​ဩ​ဖွယ် ဖြစ်​ကြ​ပါ၏။ တန်​ခိုး​တော်​ကြီး​သော​ကြောင့်၊ ရန်​သူ​တို့​သည် ကိုယ်​တော်​ကို တောင်း​ပန်​ကြ​ပါ​လိမ့်​မည်။

ဖာ​ရော​မင်း​လည်း၊ သက်​သာ​ရ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။

ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။

သို့​သော်​လည်း​ကိုယ်​တော်​နှင့် ကိုယ်​တော်၏​ကျွန်​တို့​သည်၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သေး​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်​ဆို၏။

ပ​ရော​ဖက် ယေ​ရ​မိ​က​လည်း ငါ​ကြား၏။ သင်​တို့​ပြော​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​အား ဆု​တောင်း​မည်။ ထာ​ရ​ဘု​ရား​သည် သင်​တို့​အား မိ​န့်​တော်​မူ​သ​မျှ​တို့​ကို ပြန်​ပြော​မည်။ အ​ဘယ်​အ​ရာ​ကို​မျှ မ​ထိမ်​မ​ဝှက်​ဟု ပြော​ဆို၏။

အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ