Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 8:17

Judson Bible

အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍ မြေ​မှုန့်​ကို​ရိုက်​လေ၏။ မြေ​မှုန့်​သည်​လည်း လူ၌​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်၌​လည်း​ကောင်း ခြင်​ကောင်​ဖြစ်​လေ၏။ အဲ​ဂု​တ္တု​ပြည် တစ်​လျှောက်​လုံး၌​မြေ​မှုန့်​ရှိ​သ​မျှ​သည် ခြင်​ကောင်​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​မိန့်​တော်​ရှိ၍ ယင်​ရဲ​နှင့် ခြင်​တို့​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​ကြ၏။

သူ​တို့​ကို ကိုက်​စား​တတ်​သော ယင်​ရဲ​တို့​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော ဖား​တို့​ကို​လည်း​ကောင်း စေ​လွှတ်​တော်​မူ၏။

ငါ့​သား​သည် ငါ့​အား​ဝတ်​ပြု​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လွှတ်​လော့။ မ​လွှတ်​ဘူး​ဟု ငြင်း​လျှင်၊ သင်၏​သား၊ သင်၏​သား​ဦး​ကို​ပင်​ငါ​ကွပ်​မျက်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မှာ​ထား​တော်​မူ၏။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရှိ​သော မြေ​မှုန့်​သည်​ခြင်​ကောင်​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍၊ မြေ​မှုန့်​ကို​ရိုက်​စေ​ခြင်း​ငှာ ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​သ​မျှ​သော ဘုန်း​အ​သ​ရေ၏​မာ​န​ကို အ​ရှက်​ခွဲ​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​မှူး​မတ်​အ​ပေါင်း​တို့​ကို ရှုတ်​ချ​ခြင်း​ငှာ​လည်း​ကောင်း ထို​သို့ ကြံ​စည်​တော်​မူ၏။

ထို​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို မ​ထောက်​ထား​သော​ကြောင့်၊ ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒဏ်​ခတ်၍၊ ကိုယ်​တွင်း၌ ပိုး​များ​ကိုက်​သ​ဖြင့် အ​နိ​စ္စ​ရောက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ