Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 8:16

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရှိ​သော မြေ​မှုန့်​သည်​ခြင်​ကောင်​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍၊ မြေ​မှုန့်​ကို​ရိုက်​စေ​ခြင်း​ငှာ ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​မိန့်​တော်​ရှိ၍ ယင်​ရဲ​နှင့် ခြင်​တို့​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​ကြ၏။

ငါ့​သား​သည် ငါ့​အား​ဝတ်​ပြု​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လွှတ်​လော့။ မ​လွှတ်​ဘူး​ဟု ငြင်း​လျှင်၊ သင်၏​သား၊ သင်၏​သား​ဦး​ကို​ပင်​ငါ​ကွပ်​မျက်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မှာ​ထား​တော်​မူ၏။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

ဖာ​ရော​မင်း​လည်း၊ သက်​သာ​ရ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။

အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍ မြေ​မှုန့်​ကို​ရိုက်​လေ၏။ မြေ​မှုန့်​သည်​လည်း လူ၌​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်၌​လည်း​ကောင်း ခြင်​ကောင်​ဖြစ်​လေ၏။ အဲ​ဂု​တ္တု​ပြည် တစ်​လျှောက်​လုံး၌​မြေ​မှုန့်​ရှိ​သ​မျှ​သည် ခြင်​ကောင်​ဖြစ်​လေ၏။

ဝိ​ဇ္ဇာ​ဆ​ရာ​တို့​လည်း၊ ခြင်​ကောင်​တို့​ကို​ဖြစ်​စေ​ခြင်း​ငှာ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ထို​အ​တူ​ပြု၍ မ​တတ်​နိုင်​ကြ။ သို့​ဖြစ်၍ လူ​တို့​နှင့် တိ​ရ​စ္ဆာန်​တို့၌ ခြင်​ကောင်​တို့​သည် ရှိ​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​သည် ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ​တို့​အ​ပေါ်​၌ လှံ​တံ​ကို​ကိုင်​လျက်၊ လက်​ကို​ဆန့်၍ အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​သို့ ဖား​များ​ကို​တက်​စေ​ခြင်း​ငှာ​ပြော​လော့​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ