Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 7:3

Judson Bible

ငါ​သည်​လည်း ဖာ​ရော​မင်း၏​နှ​လုံး​ကို​ခိုင်​မာ​စေ၍၊ အဲ​ဂု​တ္တု​ပြည်၌ ငါ၏​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​များ​ပြား​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​တို့​ကို စော်​ကား​စွာ​ပြု​သော​ကြောင့်၊ ကိုယ်​တော်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ ထို​ပြည်​သား​တို့၌ နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​တော်​မူ၍၊ သ​တင်း​တော်​သည် ယ​နေ့​တိုင်​အောင် ကျော်​စော​လျက်​ရှိ​ပါ၏။

အို အဲ​ဂု​တ္တု​ပြည်၊ သင်၏​အ​ထဲ​မှာ ဖာ​ရော​မင်း​မှ​စ၍၊ သူ၏​ကျွန်​အ​ပေါင်း​တို့၏​အ​ပေါ်​သို့ လ​က္ခ​ဏာ​သက်​သေ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို စေ​လွှတ်​တော်​မူ၏။

အဲ​ဂု​တ္တု​ပြည်၊ ဇော​န​အ​ရပ်​တွင် သူ​တို့​အ​ဘ​များ​မျက်​မှောက်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။

မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဖာ​ရော​ဘု​ရင်​ရှေ့​မှာ ဤ​အံ့​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ပြည်​တော်​မှ ထွက်​သွား​ရ​သော​အ​ခွင့်​ကို မ​ပေး​ဘဲ​နေ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ များ​ပြား​မည်​အ​ကြောင်း၊ ဖာ​ရော​ဘု​ရင်​သည် သင်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

ငါ​သည်​လည်း၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို​ခိုင်​မာ​စေ​၍၊ သူ​သည် ဣ​သ​ရေ​လ​တို့​ကို လိုက်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ထို​မင်း​နှင့် သူ​၏​စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပြု​ကြ​၏။

ငါ​သည်​လည်း​လက်​ကို​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​ထဲ၌ ငါ​ပြု​လ​တ္တံ့​သော ငါ၏​အံ့​ဖွယ်​သော​အ​မှု​ရှိ​သ​မျှ​တို့​နှင့် ထို​ပြည်​ကို​ဒဏ်​ခတ်​မည်။ ထို​နောက် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​လွှတ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍​ရောက်​လျှင်၊ သင်၌ ငါ​အပ်​သော အံ့​ဖွယ်​သော​အ​မှု​အ​လုံး​စုံ​တို့​ကို ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ပြ​လော့။ ထို​သို့​ပြ​သော်​လည်း သူ၏​နှ​လုံး​ကို​ငါ​ခိုင်​မာ​စေ၍၊ သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်​မည်။

ထို​သူ​ညီ​နောင်​နှစ်​ပါး​တို့​သည်​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊

တစ်​ဖန်​သင်၏​လက်​ကို သင့်​ရင်​ခွင်​သို့​သွင်း​ဦး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​ဖန်​လက်​ကို​ရင်​ခွင်​သို့​သွင်း၍ ထုတ်​ပြန်​သော​အ​ခါ၊ ပ​က​တိ​အ​သား ဖြစ်​ပြန်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည်​နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။

အ​ကယ်​စင်​စစ် ငါ့​တန်​ခိုး​ကို သင်၌​ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​ငါ​ချီး​မြှောက်​ခဲ့​ပြီ။

ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၏​လက်​ရုံး​တော်၊ နိုး​တော်​မူ​ပါ။ နိုး၍ ခွန်​အား​ကို ယူ​တော်​မူ​ပါ။ ရှေး​ကာ​လ​နှင့် လွန်​ဖူး​သော​ကာ​လ၌​ကဲ့​သို့ နိုး​တော်​မူ​ပါ။ ရာ​ခပ်​ကို​ဒဏ်​ခတ်၍ န​ဂါး​ကို နာ​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။

သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော​နေ့၌ မြင်​သည်​အ​တိုင်း၊ တစ်​ဖန် အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ငါ​ပြ​မည်။

ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊-

ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍၊-

ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ဆောင်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်၌​လည်း​ကောင်း၊ တော၌​လည်း​ကောင်း၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လေ၏။

ထို​သို့​နှင့်​အ​ညီ၊ ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ခိုင်​မာ​စေ​လို​သော သူ​ကို​လည်း ခိုင်​မာ​စေ​တော်​မူ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။

ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ