Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 7:2

Judson Bible

ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို သင်​သည်​ပြန်​ပြော​ရ​မည်။ ဖာ​ရော​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​လိုက်​ရ​မည်​အ​ကြောင်း​ကို၊ သင်၏​အစ်​ကို အာ​ရုန်​သည် သူ့​ထံ၌​လျှောက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။

သူ​သည်​လည်း လူ​တို့​ရှေ့​မှာ​သင်၏​စ​ကား​ပြန်​လုပ်၍၊ သင်၏ နှုတ်​ကိုယ်​စား​ဖြစ်​လိမ့်​မည်။ သင်​သည်​လည်း သူ၏​ဘု​ရား​သ​ခင်​ကိုယ်​စား ဖြစ်​လိမ့်​မည်။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ပြု​ကြ၏။

သို့​ဖြစ်၍ သင်​သည် ခါး​ပန်း​ကို​စည်း၍​ထ​လော့။ ငါ​မှာ​ထား​သ​မျှ​ကို သူ​တို့​အား​ဟော​ပြော​လော့။ သူ​တို့​ရှေ့​မှာ သင့်​ကို ငါ​အ​ရှက်​မ​ခွဲ​ရ​မည်​အ​ကြောင်း သူ​တို့​ကို မ​ကြောက်​နှင့်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။

တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင့်​အား​ငါ​ပြော​လ​တ္တံ့​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်၍ နှ​လုံး​သွင်း​လော့။

အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင် ဟော​ပြော​ပြ​သ​ခြင်း​အ​မှု​ကို ငါ​သည်​မ​လွှဲ​မ​ရှောင်​ဘဲ ပြု​ခဲ့​ပြီ။

ငါ​မှာ​ထား​သော​စ​ကား၌ သင်​တို့​သည် အ​သစ်​မ​သွင်း​ရ။ အ​လျှင်း​မ​နုတ်​မ​ပယ်​ရ။ ငါ​မှာ​ထား​သည်​အ​တိုင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ