Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:29

Judson Bible

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​ရ​မည်​အ​ကြောင်း ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​သည် မော​ရှေ​၌ ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

အဲ​ဂု​တ္တု​ပြည်​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား ဗျာ​ဒိတ်​ထား​တော်​မူ​သော​နေ့​ရက်၌​လည်း၊

ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။

ငါ​သည်​လည်း၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ကျိန်​ဆို​သော​ပြည်​သို့​ငါ​ပို့​ဆောင်၍၊ အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု​မိန့်​တော်​မူ​၏။

ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို သင်​သည်​ပြန်​ပြော​ရ​မည်။ ဖာ​ရော​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​လိုက်​ရ​မည်​အ​ကြောင်း​ကို၊ သင်၏​အစ်​ကို အာ​ရုန်​သည် သူ့​ထံ၌​လျှောက်​ရ​မည်။

အိပ်​မက်​မြင်​သော ပ​ရော​ဖက်​သည် အိပ်​မက်​စ​ကား​ကို ပြော​ပါ​လေ​စေ။ ငါ၏​နှုတ်​က​ပတ်​တော်​ကို ခံ​ရ​သော​သူ​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကို မှန်​ကန်​စွာ ဟော​ပြော​ပါ​လေ​စေ။ အ​ဖျင်း​သည် စ​ပါး​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​အ​မျိုး​သား​ချင်း​တို့ ရှိ​ရာ​သို့​သွား၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု၊ သူ​တို့​နား​ထောင်​သည် ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။

အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင် ဟော​ပြော​ပြ​သ​ခြင်း​အ​မှု​ကို ငါ​သည်​မ​လွှဲ​မ​ရှောင်​ဘဲ ပြု​ခဲ့​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ