အဲဂုတ္တုပြည်မှာထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊
ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ခြင်းငှာ၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့် မောရှေဖြစ်သတည်း။
ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအားပြန်ပြောရမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူ၏။