ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။
ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ်၊ အမိနဒပ်သား ကောရ၊ ကောရသား အဿိရ၊
စေတနာစိတ်နှင့် ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊
ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုးဖြစ်သတည်း။
လေဝိအမျိုး၊ ကောဟတ်သား ဣဇဟာ၏သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့်အဘိရံ၊ ပေလက်၏သား ဩနတို့ကိုခေါ်ပြီးလျှင်၊
မိမိခံတွင်းကိုဖွင့်သဖြင့်၊ သူတို့နှင့် သူတို့အိမ်များကိုလည်းကောင်း၊ ကောရနှင့်ဆိုင်သမျှသောသူတို့နှင့် သူတို့ဥစ္စာရှိသမျှကိုလည်းကောင်း မျိုလေ၏။