Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:20

Judson Bible

အာ​မ​ရံ​သည် မိ​မိ​အ​ရီး​ယော​ခေ​ဗက်​နှင့်​စုံ​ဖက်၍၊ သူ​သည် အာ​ရုန်​နှင့်​မော​ရှေ​ကို​လည်း​ကောင်း၊ သူ​တို့​အစ်​မ​မိ​ရိ​အံ​ကို​လည်း​ကောင်း ဖွား​လေ၏။ အာ​မ​ရံ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အာ​မ​ရံ​သား​ကား အာ​ရုန်​နှင့်​မော​ရှေ​တည်း။ အာ​ရုန်​နှင့် သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ နာ​မ​တော်​ကို​မြွက်၍ အ​စဉ်​ကောင်း​ချီး​ပေး​ခြင်း​အ​မှု​ကို ပြု​ရ​မည်​အ​ကြောင်း၊ အ​လွန်​သန့်​ရှင်း​သော အ​ရာ​တို့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​ခြား​သူ​တို့​နှင့် ခွဲ​ထား​သော​သူ ဖြစ်​ကြ၏။

လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ လေ​ဝိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

ကော​ဟတ်​သား​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ ကော​ဟတ်​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​သုံး​နှစ်​ရှိ​သ​တည်း။

ဤ​သည်​လျှင် လေ​ဝိ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ လိ​ဗ​နိ​အ​ဆွေ​အ​မျိုး၊ ဟေ​ဗြော​နိ အ​ဆွေ​အ​မျိုး၊ မာ​လိ​အ​ဆွေ​အ​မျိုး၊ မု​ရှိ​အ​ဆွေ​အ​မျိုး၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး ပါ​သ​တည်း။ ကော​ဟတ်၏​သား​ကား၊ အာ​မ​ရံ​တည်း။

အာ​မ​ရံ၏​မ​ယား​ကား၊ အဲ​ဂု​တ္တု​ပြည်၌ လေ​ဝိ​မ​ယား​ဖွား​မြင်​သော လေ​ဝိ၏​သ​မီး​ယော​ခေ​ဗက်​တည်း။ ထို​မိန်း​မ​သည် အာ​မ​ရံ၏​မ​ယား​ဖြစ်၍၊ အာ​ရုန်၊ မော​ရှေ၊ နှ​မ​မိ​ရိ​အံ​တို့​ကို​ဖွား​မြင်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ၊ အာ​ရုန်​နှင့် မော​ရှေ​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ကို မှတ်​သား​သည်​တွင်၊

စာ​ရေး​တံ​ပြု၍ ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည် အ​မွေ​ခံ​ရာ​တွင်၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ယု​ဒ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဆယ်​သုံး​မြို့​ကို ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ