ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုးတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။
ကိုယ်တော်သည် အထူးသဖြင့် သနားတတ်သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော်မမူ။ နေ့အချိန်၌ လမ်းပြသော မိုးတိမ်တိုင်မပျောက်၊ ညအချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်လည်း မကွယ်။
သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍၊ ညအခါလင်းစရာဖို့ မီးကိုပေးတော်မူ၏။
နေ့အချိန်၌ကား၊ မိုးတိမ်ဖြင့်လည်းကောင်း၊ ညအချိန်၌ကား တစ်ညလုံး မီးအလင်းဖြင့်လည်းကောင်း သူတို့ကို လမ်းပြတော်မူ၏။
မိုးတိမ်သည် တဲတော်အပေါ်မှကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုးတိမ်တည်လေရာရာ၌လည်း၊ တဲများကိုဆောက်ပြန်ကြ၏။
နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ မိုးတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသောကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ တဲ၌နေကြ၏။ တစ်ဖန်မိုးတိမ်မြောက်ပြန်သောအခါ ခရီးသွားကြ၏။
ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊-