Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 40:24

Judson Bible

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ခုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ တောင်​ဘက်​နား စား​ပွဲ​ဆိုင်​ရာ​တွင်​ထား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။

ကု​လား​ကာ​ပြင်​မှာ စား​ပွဲ​ကို​ထား​ရ​မည်။ တဲ​တော်​တောင်​ဘက်​နား​မှာ မီး​ခုံ​ကို​လည်း​ကောင်း၊ မြောက်​ဘက်​နား​မှာ​စား​ပွဲ​ကို​လည်း​ကောင်း၊ တစ်​ဖက်​နှင့် တစ်​ဖက်​ဆိုင်​မိ​အောင် ထား​ရ​မည်။

စား​ပွဲ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မုန့်​ကို​ပြင်​ဆင်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ခွက်​များ​ကို​ထွန်း​လေ၏။

စား​ပွဲ​ကို​လည်း​သွင်း​၍၊ စား​ပွဲ​ပေါ်​မှာ ပြင်​ဆင်​ရ​သ​မျှ​တို့​ကို ပြင်​ဆင်​ရ​မည်။ မီး​ခုံ​ကို​လည်း​သွင်း၍၊ မီး​ခွက်​တို့​ကို​ထွန်း​ရ​မည်။

အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။ နှုတ်​က​ပတ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။-

ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။

ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ငါ့​လက်​ယာ​လက်၌ ထင်​ရှား​သော ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​လုံး၏ နက်​နဲ​ခြင်း​အ​ရာ​ဟူ​မူ​ကား၊ မီး​ခွက်​ခု​နစ်​လုံး​သည် အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်၏။ ကြယ်​ခု​နစ်​လုံး​သည်​လည်း ထို​ခု​နစ်​ပါး​သော အ​သင်း​တော်​တို့​ကို အုပ်​သော​တ​မန်​ဖြစ်​ကြ၏။

ထို​ကြောင့်၊ သင်​သည်​မ​ရွေ့​လျော့​မီ၊ အ​ရင်​နေ​ရာ အ​ရပ်​ကို အောက်​မေ့​လော့၊ နောင်​တ​ရ​လော့။ ရှေ့​ဦး​စွာ​သော အ​ကျင့်​ကို ကျင့်​လော့၊ သို့​မ​ဟုတ် သင်​ရှိ​ရာ​သို့ ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ နောင်​တ​မ​ရ​လျှင်၊ သင်၏​မီး​ခွက်​ကို နေ​ရာ​မှ​ရွှေ့​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ