စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကိုပြင်ဆင်လေ၏။
ယဇ်ပုရောဟိတ်မောရှေနှင့် အာရုန်၊ နာမတော်ကို ပတ္ထနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရားကို ပတ္ထနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။
ငါ့ရှေ့၊ စားပွဲပေါ်မှာရှေ့တော်မုန့်ကို အစဉ်တင်ရမည်။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင်ထား၍၊
စားပွဲကိုလည်းသွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်းသွင်း၍၊ မီးခွက်တို့ကိုထွန်းရမည်။
သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တစ်လုံးလျှင် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊
ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တစ်လုံးပေါ်၌ တစ်လုံးကိုထပ်ဆင့်၍၊ တစ်ပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဖော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။-
အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်ဝေါ်သော ပထမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။-