Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 40:15

Judson Bible

အ​ကယ်​စင်​စစ် သူ​တို့​ဆီ​လိမ်း​ခြင်း​ဘိ​သိက်​သည် သား​စဉ်​မြေး​ဆက်​ပတ်​လုံး၊ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ ဖြစ်​သ​တည်း​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော်​မ​မူ။။

ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။

ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။

ခါး​ပန်း​ကို​လည်း​စည်း၍၊ ဦး​ထုပ်​ကို​လည်း​ဆောင်း​စေ​ပြီး​လျှင်၊ သူ​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ဆိုင်​ရ​မည်။ ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့၌ ဤ​ဆီ​သည်၊ ငါ့​အ​ဖို့​သန့်​ရှင်း​သော လိမ်း​ရန်​ဆီ​ဖြစ်​ရ​မည်။

ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

သူ၏​သား​တို့​သည်​လည်း ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​လျက်၊ သူ​တို့​အ​ဘ​ကို ဆီ​လိမ်း​သ​ကဲ့​သို့၊ သူ​တို့​ကို​ဆီ​လိမ်း​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း မော​ရှေ​ပြု​လေ​၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​အ​ကိုင်း​တို့​သည် မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏ ရှေ့​တော်၌​ရပ်​နေ​သော ဘိ​သိက်​ခံ​သူ​နှစ်​ပါး ဖြစ်​သည်​ဟု ဆို၏။

သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သော​ကြောင့်၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထို​ပ​ဋိ​ညာဉ်​တည်း​ဟူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော ပ​ဋိ​ညာဉ်​ကို​ရ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အ​ဘ​မ​ရှိ၊ အ​မိ​မ​ရှိ၊ ရှေး​မျိုး​စဉ်​မ​ရှိ၊ အ​သက် အ​ပိုင်း​အ​ခြား​မ​ရှိ​ဘဲ၊ ဘု​ရား​သ​ခင်၏ သား​တော်​နှင့်​တူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ အ​စဉ်​အ​မြဲ​တည်၏။-

ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ