Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 40:14

Judson Bible

သူ၏​သား​တို့​သည်​လည်း ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​လျက်၊ သူ​တို့​အ​ဘ​ကို ဆီ​လိမ်း​သ​ကဲ့​သို့၊ သူ​တို့​ကို​ဆီ​လိမ်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ၏​သား​တို့​ကို​လည်း ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​ရ​မည်။

အာ​ရုန်​သည်​ငါ့​ရှေ့၌၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​နှင့်​ဝတ်​စေ၍ ဆီ​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ​ရ​မည်။

အ​ကယ်​စင်​စစ် သူ​တို့​ဆီ​လိမ်း​ခြင်း​ဘိ​သိက်​သည် သား​စဉ်​မြေး​ဆက်​ပတ်​လုံး၊ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ ဖြစ်​သ​တည်း​ဟု၊

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

အာ​ရုန်၏​သား​တို့​ကို​လည်း အင်္ကျီ​ဝတ်​စေ၍၊ ခါး​ပန်း​ကို​စည်း​စေ​လျက်၊ ဦး​ထုပ်​ကို​ဆောင်း​စေ​လေ၏။

ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။-

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။

ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။

ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။-

ငါ​တို့​သ​ခင်​တည်း​ဟူ​သော သား​တော်​မြတ် သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဆက်​ဆံ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ