Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 4:13

Judson Bible

မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ့​အ​ဘ၏​အိမ်​မှ​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား​နေ​ရာ​ပြည်​မှ​လည်း​ကောင်း ငါ့​ကို​ခေါ်၍၊ သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ကို​ငါ​ပေး​မည်​ဟု၊ ငါ့​အား​ဗျာ​ဒိတ်​တော်​ပေး၍ ကျိန်​ဆို​တော်​မူ​သော ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သင်​သည်​ထို​ပြည်​မှ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​လိမ့်​မည်။

ထို​သူ​တို့​သည်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​နှစ်​တို့​တွင် ရိ​က္ခာ​ရှိ​သ​မျှ​ကို​စု​ရုံး၍ ဖာ​ရော​ဘု​ရင်​ထံ​တော်၌ စ​ပါး​များ​ကို​ဆည်း​ပူး​ကြ​ပါ​စေ။ မြို့​များ၌​လည်း ရိ​က္ခာ​ကို သို​ထား​ကြ​ပါ​စေ။

ငါ့​ကို​ခပ်​သိမ်း​သော​ဘေး​ဒဏ်​အ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ ဤ​သူ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သူ​တို့​ကို​ငါ့​အ​မည်​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်၏​အ​မည်​ဖြင့်​လည်း​ကောင်း၊ ထပ်၍​မှည့်​ပါ​စေ​သော။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​ပွား​များ​ပြား​ပါ​စေ​သော​ဟု မြွက်​ဆို၏။

သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊

ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။

မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။

သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား အ​မျက်​တော်​ထွက်၍၊ လေ​ဝိ​လူ​အာ​ရုန်​သည် သင်၏​အစ်​ကို​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​သည်​ကောင်း​မွန်​စွာ​ပြော​တတ်​သည်​ကို ငါ​သိ၏။ သူ​သည်​လည်း​သင့်​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ယ​ခု​လာ၏။ တွေ့​မြင်​သော​အ​ခါ ဝမ်း​မြောက်​လိမ့်​မည်။

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊

ထို​ကြောင့်၊ ငါ​သည် နှုတ်​က​ပတ်​တော်​ကို မ​ကြား​မ​ပြော၊ နာ​မ​တော်​ကို​အ​မှီ​ပြု၍ မ​ဟော​ဘဲ​နေ​မည်​ဟု သ​ဘော​ထား​သော်​လည်း၊ ငါ့​အ​ရိုး​တို့၌​ချုပ်​ထား၍၊ လောင်​သော​မီး​ကဲ့​သို့ နှုတ်​က​ပတ်​တော်​သည် ငါ့​နှ​လုံး၌ ဖြစ်​သော​ကြောင့်၊ အ​လွန်​ငြီး​ငွေ့​သ​ဖြင့် အောင့်၍​မ​နေ​နိုင်၊

သို့​သော်​လည်း၊ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တာ​ရှု​မြို့​သို့ ပြေး​မည့်​အ​ကြံ​ရှိ​သည်​နှင့် ထ​လျက် ယု​ပ္ပေ​မြို့​သို့​သွား၍ ရောက်​သ​ဖြင့်၊ တာ​ရှု​မြို့​သို့​သွား​သော သင်္ဘော​ကို တွေ့​ကြုံ၍ သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ သင်္ဘော​သား​တို့​နှင့်​အ​တူ တာ​ရှု​မြို့​သို့​လိုက်​ခြင်း​ငှာ သင်္ဘော​ကို စီး​လေ၏။

သင်္ဘော​သူ​ကြီး​သည် လာ၍၊ အို အိပ်​ပျော်​သော​သူ၊ အ​ဘယ်​သို့​နည်း။ ထ​လော့။ သင်၏​ဘု​ရား​ကို ဆု​တောင်း​လော့။ ငါ​တို့​အ​သက်​လွတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​သည် ငါ​တို့​ကို အောက်​မေ့​ကောင်း အောက်​မေ့​လိမ့်​မည်​ဟု ဆို၏။

လူ​သား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​တို့​ကို စေ​လွှတ်​ပြီး​လျှင်၊ မှား​ယွင်း​စေ​သော​သူ​တို့​နှင့် မ​တ​ရား​သော အ​မှု​ကို​ပြု​သော​သူ ရှိ​သ​မျှ​တို့​ကို နိုင်​ငံ​တော်​ထဲ​က ရွေး​နုတ်၍၊-

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။-

ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည်၊ ဂိ​လ​ဂါ​လ​မြို့​မှ ဗော​ခိမ်​မြို့​သို့​လာ၍၊ သင်​တို့ ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​သို့ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​ဆောင်​ခဲ့​ပြီ။ သင်​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ငါ​မ​ဖျက် အ​စဉ်​အ​မြဲ​စောင့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ