Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 4:12

Judson Bible

သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် မိ​မိ​ကျွန်​မော​ရှေ​နှင့် ရွေး​ကောက်​တော်​မူ​သော​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ၏။

အ​လို​တော်​သို့​လိုက်​စေ​မည်​အ​ကြောင်း သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကောင်း​မြတ်​သော​ဝိ​ညာဉ်​တော်​သည် ဖြောင့်​သော​လမ်း၌ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ​စေ​သော။

သူ​သည် သင့်​ထံ​သို့ မ​ချဉ်း​ကပ်​သော​ကြောင့်၊ ပါး​စပ်​ကို ဇက်​ခွံ့၍၊ ဇက်​ကြိုး​နှင့် ဆွဲ​ရ​မည်။

ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊

သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။

သူ​သည်​လည်း လူ​တို့​ရှေ့​မှာ​သင်၏​စ​ကား​ပြန်​လုပ်၍၊ သင်၏ နှုတ်​ကိုယ်​စား​ဖြစ်​လိမ့်​မည်။ သင်​သည်​လည်း သူ၏​ဘု​ရား​သ​ခင်​ကိုယ်​စား ဖြစ်​လိမ့်​မည်။

ငါ့​နှုတ်​ကို ထက်​သော​ဓား​ကဲ့​သို့ ဖြစ်​စေ၍၊ လက်​တော်​အ​ရိပ်၌ ဖုံး​ထား​တော်​မူ၏။ ငါ့​ကို​လည်း ဦး​သစ်​သော စည်း​သွား​ဖြစ်​စေ၍၊ မိ​မိ​မြား​တောင့်ထဲ​မှာ ဝှက်​ထား​တော်​မူ၏။

ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။

လက်​တော်​ကို​ဆန့်၍ ငါ့​နှုတ်​ကို​တို့​တော်​မူ​လျက်၊ သင်၏​နှုတ်၌ ငါ့​စ​ကား​ကို​ငါ​သွင်း​ထား​ပြီ။

မော​ရှေ​က​လည်း၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​သည်​အ​လို​လို​မ​ပြု၊ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ၍ ငါ​ပြု​သည်​အ​ကြောင်း​ကို သင်​တို့​သည် အ​ဘယ်​သို့​သိ​ရ​မည်​နည်း ဟူ​မူ​ကား၊

ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ကြ​နှင့်။ ထို​ခ​ဏ​ချင်း​တွင် သင်​တို့​ရ​သော​စ​ကား​ကို​သာ​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​တော်​မူ၏။-

တစ်​ရံ​ရော​အ​ခါ ကိုယ်​တော်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရပ်​တွင် ဆု​တောင်း​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ သ​ခင်၊ ဆု​တောင်း​စေ​ခြင်း​ငှာ ယော​ဟန်​သည်​မိ​မိ​တ​ပည့်​တို့​အား နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား နည်း​ပေး​တော်​မူ​ပါ​ဟု လျှောက်​သော်၊-

ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-

ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​လျက်၊ သံ​တ​မန်​အ​မှု​ကို ပြု​ရ​သည်​ဖြစ်၍၊ ထို​တ​ရား၏ နက်​နဲ​သော​အ​ရာ​ကို ဖော်​ပြ​ခြင်း​ငှာ ငါ​သည်​နှုတ်​ကို ရဲ​ရင့်​စွာ ဖွင့်​လှစ်​ခြင်း​အ​ခွင့် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​တ​ရား​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ၊ ရဲ​ရင့်​စွာ​ဟော ပြော​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။

သူ​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ သင်​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ၍၊ ထို​ပ​ရော​ဖက်​နှုတ်၌ ငါ့​စ​ကား​ကို ငါ​အပ်​သ​ဖြင့် ငါ​မှာ​ထား​သ​မျှ​တို့​ကို သူ​တို့​အား ဆင့်​ဆို​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ