Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 34:17

Judson Bible

သင်​သည် ကိုယ်​အ​ဖို့​သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​မူ​ကား သင့်​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ အ​ပေါင်း​တို့​ကို​လွန်၍ ဒု​စ​ရိုက်​ကို​ပြု​လေ​ပြီ။ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နှင့် သွန်း​သော​ရုပ်​တု​တို့​ကို​လုပ်၍ ငါ့​ကို​သင့်​ကျော​နောက်​သို့ ပစ်​ထား​ပြီ။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့​လိုက်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ရုပ်​တု​ဆင်း​တု​များ​ကို သွန်း​လေ၏။

ငါ့​ကို​ကိုး​ကွယ်​သော​အ​မှု၌ ကိုယ်​သုံး​ဖို့ ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား​ကို​မ​လုပ်​ရ။

အ​ထက်​မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​အောင်၊ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။

တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။

ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊

လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။

ရုပ်​တု​ဆင်း​တု​ကို​လည်း မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်​အ​ဖို့ သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​သို့​ငါ​တို့​သည် ဘု​ရား​သ​ခင်၏ အ​မျိုး​အ​နွယ်​ဖြစ်​လျက်​နှင့် လူ​တို့​အ​တတ်​အ​ကြံ​အ​စည်​အား​ဖြင့် ထု​လုပ်​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက်​ရုပ်​တု​နှင့် ဘု​ရား​သ​ခင်​တူ​တော်​မူ​သည်​ဟု မ​ထင်​မ​မှတ်​အပ်။-

ယ​ခု​တွင် ထို​ပေါ​လု​က၊ လူ​လက်​ဖြင့် လုပ်​သ​မျှ​တို့​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​သ​ဖြင့်၊ ဧ​ဖက်​မြို့​မှ​စ၍ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး ကုန်​မ​တတ်၊ လူ​အ​ပေါင်း​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​သည်​ကို သင်​တို့​သည် မြင်​လျက်၊ ကြား​လျက်​ရှိ​ကြ၏။-

ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​သော​အ​ရာ၊ လက်​သ​မား​လက်​နှင့် ထု​လုပ်​သော​ရုပ်​တု၊ သွန်း​သော​ဆင်း​တု​ကို​လုပ်၍ မ​ထင်​ရှား​သော​အ​ရပ်၌ ထား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

အ​ထက် မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက် ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​စွာ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။

ထို​ငွေ​ဆယ်​တစ်​ပိဿာ​ကို အ​မိ​အား​ပြန်​ပေး​သော​အ​ခါ၊ အ​မိ​က၊ ငါ့​သား​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို လုပ်​စ​ရာ​ဖို့ ဤ​ငွေ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ငါ​ပူ​ဇော်​နှင့်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ