Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 34:16

Judson Bible

သင်​သည် သူ​တို့​သ​မီး​များ​ကို​ယူ၍၊ ကိုယ်​သား​တို့​နှင့် ထိမ်း​မြား​ပေး​စား​သ​ဖြင့်၊ ထို​သ​မီး​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့်​မှား​ယွင်း​ခြင်း​ကို​ပြု၍ သင်၏​သား​တို့​ကို ထို​ဘု​ရား​တို့​နှင့် မှား​ယွင်း​စေ​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သင်​သည်၊ ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​မ​ယူ​ဘဲ၊

ရှော​လ​မုန်​မင်း​ကြီး​သည် ဖာ​ရော​ဘု​ရင်၏​သ​မီး​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​မ​ဟုတ်​သော မော​ဘ​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ ဧ​ဒုံ​အ​မျိုး၊ ဇိ​ဒုန်​အ​မျိုး၊ ဟိ​တ္တိ​အ​မျိုး​သား မိန်း​မ​အ​များ​တို့​ကို​ချစ်​တတ်၏။

အာ​ဟပ်​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​သည် တိုက်​တွန်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​သူ​ဖြစ်၏။

ယု​ဒ​တောင်​တို့​အ​ပေါ်​မှာ၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​လုပ်​သ​ဖြင့်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​နှင့် မှား​ယွင်း​ရ​မည်​အ​ကြောင်း၊ အ​နိုင်​အ​ထက်​ပြု​သ​တည်း။

ကိုယ်​တော်​က၊ သင်​တို့​သွား၍ သိမ်း​ယူ​လ​တ္တံ့​သော​ပြည်​သည်၊ ပြည်​သူ​ပြည်​သား​တို့ အ​ညစ်​အ​ကြေး​ကြောင့် ညစ်​ညူး​သော​ပြည် ဖြစ်၏။ တစ်​ပြည်​လုံး​ကို ရွံ​ရှာ​ဖွယ်​အ​မှု​တို့​နှင့် ပြည့်​စေ​ကြ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သ​မီး​ကို သူ​တို့​သား​အား မ​ပေး​စား​ကြ​နှင့်။ သူ​တို့၏​သ​မီး​ကို သင်​တို့​သား​နှင့် မ​စုံ​ဖက်​စေ​ကြ​နှင့်။ သူ​တို့​ချမ်း​သာ​နှင့် သူ​တို့​စည်း​စိမ်​ကို အ​လျှင်း​မ​ပြု​စု​ကြ​နှင့်။ သင်​တို့​သည် ခွန်​အား​ကြီး၍ မြေ​အ​သီး​အ​နှံ​ကို စား​ရ​သော​အ​ခွင့်၊ ထို​မြေ​ကို ကိုယ်​သား​မြေး​တို့၌ နိ​စ္စ​အ​မွေမြေ​ဖြစ်​စေ၍၊ အပ်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ကျင့်၍ နေ​ကြ​လော့​ဟု ကိုယ်​တော်​ကျွန်၊ ပ​ရော​ဖက်​တို့​အား​ဖြင့် မှာ​ထား​တော်​မူ​သော ပ​ညတ်​စ​ကား​တော်​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ပါ​တ​ကား။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သ​မီး​များ​ကို ကိုယ်​ဖို့​လည်း​ကောင်း၊ ကိုယ်​သား​ဖို့​လည်း​ကောင်း၊ သိမ်း​ယူ​သ​ဖြင့်၊ သန့်​ရှင်း​သော​အ​မျိုး​သည် ဤ​ပြည်​သား​ရင်း​အ​မျိုး​နှင့် ရော​နှော​လျက်​ရှိ၍၊ အ​ကြီး​အ​ကဲ​နှင့် မင်း​အ​ရာ​ရှိ​တို့​သည်၊ ဤ​ဒု​စ​ရိုက်​အ​မှု​ကို အ​ဦး​ပြု​ကြ​ပြီ​တ​ကား​ဟု ကြား​ပြော​ကြ၏။

ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား၊ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊

ပြည်​သား​တို့​သည် ဥ​ပုသ်​နေ့၌ ဥ​စ္စာ၊ စား​စ​ရာ​ကို​ရောင်း​ခြင်း​ငှာ ယူ​ခဲ့​လျှင်၊ ဥ​ပုသ်​နေ့​ဖြစ်​စေ၊ အ​ခြား​သော ဓ​မ္မ​နေ့​ဖြစ်​စေ မ​ဝယ်၊ သ​တ္တ​မ​နှစ်​တွင် လယ်​လုပ်​ခြင်း​အ​မှု​ကို မ​ပြု၊ ကြွေး​ကို​အ​နိုင်​မ​တောင်း​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ကျိန်​ဆို​လျက် သ​စ္စာက​တိ​ထား​ကြ၏။

ထို​ကာ​လ၊ အာ​ဇုတ်​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ မော​ဘ​အ​မျိုး​သ​မီး​နှင့် စုံ​ဖက်​သော ယု​ဒ​လူ​အ​ချို့​တို့​ကို ငါ​မြင်၏။

သူ​တို့​ကို ငါ​အ​ပြစ်​တင်၍ ကဲ့​ရဲ့၏။ အ​ချို့​တို့​ကို ရိုက်​လျက်၊ ဆံ​ပင်​နုတ်​လျက် ဒဏ်​ပေး၍၊ သင်​တို့​သည် ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား​ရ။ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ရ။

သူ​တို့​သည် ကိုယ်​အ​ကျင့်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍၊ ကိုယ်​အ​မှု​တို့​တွင် မှား​ယွင်း​ကြ၏။

သင်​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​နှင့်​တ​ကွ သူ​ဖွား​မြင်​သော သား​သ​မီး​တို့​ကို သိမ်း​ပိုက်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်၍ အ​ထပ်​ထပ်​မှား​ယွင်း​ကြ​ပြီ​ဟု ဟော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊

မိ​မိ​သား​ကို၊ အ​မျိုး​သား​ချင်း​တို့​တွင် မ​ရှုတ်​မ​ချ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို သန့်​ရှင်း​စေ​သည်​ဟု​မိန့်​တော်​မူ၏။

သို့​မ​ဟုတ် သင်​တို့​သည်​ရွေ့​လျော့၍၊ သင်​တို့​တွင် ကျန်​ကြွင်း​သေး​သော ဤ​လူ​မျိုး​တို့၌ မှီ​ဝဲ​လျက်၊ ထိမ်း​မြား​ပေး​စား၍ ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​ရှိ​လျှင်၊

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နောက်​တစ်​ဖန် ဤ​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မ​မူ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ကောင်း​မွန်​သော​ဤ​ပြည်၌ သင်​တို့​သည် မ​ပျောက်​မ​ပျက်​မီ​တိုင်​အောင် သူ​တို့​သည် သင်​တို့၌​ကျော့​ကွင်း၊ ထောင်​ချောက်၊ သင်​တို့​နံ​စောင်၌ နှင်​တံ၊ သင်​တို့​မျက်​စိ၌ ဆူး​ဖြစ်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။

မိ​ဘ​တို့​က၊ သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ဖိ​လိ​တ္တိ​လူ​တို့​တွင် မ​ယား​ကို သွား၍ ယူ​ရ​မည်​အ​ကြောင်း၊ သင်၏​ညီ​အစ်​ကို​သ​မီး ငါ​တို့​အ​မျိုး​သား​ချင်း​သ​မီး​တို့​တွင် မိန်း​မ​တစ်​ယောက်​မျှ မ​ရှိ​လော​ဟု ဆို​သော်​လည်း၊ ရှံ​ဆုန်​က၊ ထို​မိန်း​မ​ကို တောင်း၍​ပေး​ပါ။ အ​လွန်​နှစ်​သက်​ပါ​သည်​ဟု အ​ဘ​အား​ပြော​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​တွင်​နေ၍၊

သူ​တို့​သ​မီး​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျက်၊ မိ​မိ​တို့​သ​မီး​ကို​ပေး​စား​လျက်၊ သူ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ကြ၏။

ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ