Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 33:4

Judson Bible

ထို​မ​ကောင်း​သော​သ​တင်း​ကို လူ​များ​တို့​သည်​ကြား​သော​အ​ခါ၊ ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​ဘယ်​သူ​မျှ တန်​ဆာ​မ​ဆင်​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ရှော​လု၏​သား မေ​ဖိ​ဗော​ရှက်​သည်​လည်း ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​လာ၏။ ရှင်​ဘု​ရင်​ထွက်​သော​နေ့​မှ​စ၍ ငြိမ်​ဝပ်​စွာ ပြန်​လာ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​သည်​ခြေ​တို့​ကို မ​ပြု​စု၊ မုတ်​ဆိတ်​ကို​မ​ပြင်​ဆင်၊ အ​ဝတ်​ကို မ​လျှော်​ဘဲ​နေ​ပြီ။

သို့​ရာ​တွင် ဧ​လိ​ယ​ဆင့်​ဆို​သော​စ​ကား​တော်​ကို ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်၏။ အ​စာ​ရှောင်​ခြင်း၊ လျှော်​တေ​အ​ဝတ်၌ အိပ်​ခြင်း​ကို​ပြု၍ ဖြည်း​ဖြည်း​သွား​လာ၏။

ထို​စ​ကား​ကို ဟေ​ဇ​ကိ​မင်း​ကြီး​သည်​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို​ခြုံ​လျက် ဗိ​မာန်​တော်​သို့​သွား​လေ၏။

ထို​စ​ကား​ကို ငါ​ကြား​လျှင် အ​တွင်း​အ​ဝတ်၊ ပြင်​အ​ဝတ်​ကို ဆုတ်၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​ကို နုတ်​ပစ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ထိုင်​နေ၏။

ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။

ထို​သူ​တို့​သည် အ​ဝေး​က​မျှော်​ကြည့်၍ ယော​ဘ​ကို​မ​သိ​လျှင်၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ဆုတ်၍ မြေ​မှုန့်​ကို​ယူ​ပြီး​လျှင် မိ​မိ​တို့ ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​သို့ ပစ်​တင်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရပ်​တောင်​ခြေ​ရင်း၌ မိ​မိ​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ၏။

ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့၊ တုန်​လှုပ်​ကြ​လော့။ သ​တိ​မ​ရှိ​သော​သူ​တို့၊ ပူ​ပန်​ခြင်း​ရှိ​ကြ​လော့။ အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပယ်​ချွတ်​ပြီး​မှ၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို စည်း​ကြ​လော့။

တိုး​တိုး​ညည်း​တွား​လော့။ သေ​သော​သူ​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​နှင့်။ ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို​စီး​လော့။ နှုတ်​ကို​မ​ဖုံး​နှင့်။ ဆင်း​ရဲ​သော​သူ၏ အ​စာ​ကို​မ​စား​နှင့်​ဟု မိန့်​တော်​မူ၏။

ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို စီး​ရ​ကြ​လိမ့်​မည်။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။ ကိုယ်​အ​ပြစ်​ကြောင့် ပိန်​ကြုံ၍ တစ်​ယောက်​ကို​တစ်​ယောက် ညည်း​တွား​ရ​ကြ​လိမ့်​မည်။

သ​မု​ဒ္ဒ​ရာ​မင်း​အ​ပေါင်း​တို့​သည် ရာ​ဇ​ပ​လ္လင်​ပေါ်​က​ဆင်း၍၊ အင်္ကျီ​တော်​ကို​လည်း​ကောင်း၊ ချယ်​လှယ်​သော အ​ဝတ်​တော်​ကို​လည်း​ကောင်း၊ ချွတ်​ပယ်​ပြီး​မှ၊ တုန်​လှုပ်​ခြင်း​အ​ဝတ်​ကို​ဝတ်​လျက်၊ မြေ​ပေါ်၌ ထိုင်​လျက် ခ​ဏ​ခ​ဏ​တုန်​လှုပ်၍၊ သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။

သူ​တို့​သည် အိပ်​ရာ​ပေါ်​မှာ မြည်​တမ်း​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် ငါ့​ကို မ​အော်​ဟစ်​ကြ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​ရ​ခြင်း​ငှာ စည်း​ဝေး၍ ငါ့​ကို​ပုန်​ကန်​ကြ၏။

မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​လည်း​သေ​မည်။ လူ​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သင့်​ရောက်​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ သင်​တို့​ဦး​ထုပ်​ကို မ​ချွတ်​နှင့်။ အ​ဝတ်​ကို​မ​ဆုတ်​နှင့်။ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော မီး​လောင်​ခြင်း​ကို​သာ ငို​ကြွေး​မြည်​တမ်း​ကြ​စေ။

နိ​နေ​ဝေ​မင်း​ကြီး​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ နန်း​တော်​မှ​ဆင်း၍ မင်း​မြောက်​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ပြာ​ထဲ၌ ထိုင်​တော်​မူ၏။

နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဥ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊

ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး သင်​တို့​သည် ပ​ဥ္စ​မ​လ​နှင့် သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်၍ ငို​ကြွေး​မြည်​တမ်း​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ငါ့​အ​လို​ရှိ​သည်​အ​တိုင်း ငါ့​အား အ​စာ​ရှောင်​ကြ​သ​လော။

ထို​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ မြည်​တမ်း​သ​ဖြင့်၊ တစ်​ည​လုံး​ငို​ကြွေး​ကြ၏။

မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား စ​ကား​တော်​များ​ကို ဆင့်​ဆို​သော​အ​ခါ၊ လူ​များ​တို့​သည် အ​လွန်​ညည်း​တွား​လျက် နေ​ကြ၏။

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ