Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 33:5

Judson Bible

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်​ကြ၏။ သင်​တို့​အ​လယ်၌ ချက်​ချင်း​ငါ​ပေါ်​လာ၍ ဖျက်​ဆီး​မည်။ ထို​ကြောင့် သင်​တို့၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​ကို​ငါ​သိ​ခြင်း​ငှာ၊ သင်​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​နှင့်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ငါ​သွား၍ ငါ့​ရှေ့​သို့​ရောက်​ခဲ့​ပြီး​သော ကြွေး​ကြော်​ခြင်း​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​မှန်​ပြု​သည် မ​ပြု​သည်​ကို ငါ​ကြည့်​ရှု​မည်။ မ​ပြု​လျှင် မ​ပြု​ကြောင်း​ကို ငါ​သိ​မည်​ဟု မိန့်​တော်​မူ၏။

ထို​လု​လင်​ကို မ​ထိ​မ​ခိုက်​နှင့်။ အ​လျှင်း​မ​ပြု​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သည်​ဟု ယ​ခု​ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို​ငါ​တောင်း၍၊ သင်​သည်​ငါ့​ကို​မ​ငြင်း​ဟု မိန့်​တော်​မူ၏။

တစ်​ခ​ဏ​ချင်း​တွင် သ​တ္တ​ဝါ​တို့​သည် သေ​တတ်​ကြ၏။ သန်း​ခေါင်​အ​ချိန်၌ လူ​မျိုး​တစ်​စုံ​တစ်​မျိုး တုန်​လှုပ်​ကွယ်​ပျောက်၍၊ အား​ကြီး​သော​သူ​သော်​လည်း အ​ဘယ်​သူ​မျှ​မ​ပြု​ဘဲ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​တတ်၏။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​စစ်​ကြော၍၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို သိ​မှတ်​တော်​မူ​ပါ။ စုံ​စမ်း၍ စိတ်​အ​ထင်​များ​ကို​လည်း သိ​မှတ်​တော်​မူ​ပါ။

တစ်​ခ​ဏ​ချင်း​တွင် အ​ကျိုး​နည်း​ကြ​ပါ​ပြီ​တ​ကား။ ဘေး​ဥ​ပဒ်​များ​အား​ဖြင့် ရှင်း​ရှင်း​ပယ်​ပျောက်​လျက် ရှိ​ကြ​ပါ​ပြီ​တ​ကား။

ဤ​လူ​မျိုး​ကို ငါ​ကြည့်​မြင်​ပြီ။ လည်​ပင်း​ခိုင်​မာ​သော အ​မျိုး​ဖြစ်၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရပ်​တောင်​ခြေ​ရင်း၌ မိ​မိ​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ၏။

ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊

သင်​သည် ခိုင်​မာ​သော​သ​ဘော၊ သံ​ချောင်း​လည်​ပင်း၊ ကြေး​ဝါ​န​ဖူး​နှင့် ပြည့်​စုံ​သည်​ကို ငါ​သိ​သော​ကြောင့်၊

အ​ဘယ်​သူ​မျှ အား​မ​ထုတ်​ဘဲ ချက်​ချင်း​ပျက်​စီး​ခြင်း​သို့​ရောက်​သော၊ သော​ဒုံ​မြို့​ခံ​ရ​သော အ​ပြစ်​ဒဏ်​ထက်၊ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ခံ​ရ​သော အ​ပြစ်​ဒဏ်​သည် သာ၍​ကြီး​ပေ၏။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။

လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ