Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 33:2

Judson Bible

ကောင်း​ကင်​တ​မန်​ကို​လည်း သင်​တို့​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​သည် ခါ​န​နိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​နှင်​ထုတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်၏​အ​မျိုး​အ​နွယ်​အား ငါ​အပ်​ပေး​ပြီ​ဟု​မိန့်​တော်​မူ၏။

ငါ့​အ​ဘ၏​အိမ်​မှ​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား​နေ​ရာ​ပြည်​မှ​လည်း​ကောင်း ငါ့​ကို​ခေါ်၍၊ သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ကို​ငါ​ပေး​မည်​ဟု၊ ငါ့​အား​ဗျာ​ဒိတ်​တော်​ပေး၍ ကျိန်​ဆို​တော်​မူ​သော ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သင်​သည်​ထို​ပြည်​မှ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​လိမ့်​မည်။

ထို​နောက် ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊

ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။

အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

သို့​ဖြစ်၍ ငါ​မှာ​ထား​သော​အ​ရပ်​သို့ သူ​တို့​ကို ယ​ခု​သွား၍​ပို့​ဆောင်​လော့။ ငါ့​တ​မန်​သည် သင့်​ရှေ့​မှာ​သွား​လိမ့်​မည်။ သို့​သော်​လည်း ငါ​သည်​အ​ကြည့်​အ​ရှု ကြွ​လာ​သော​အ​ခါ၊ သူ​တို့၌​အ​ပြစ်​ပေး​လျက်​ကြွ​လာ​မည်​ကို မိန့်​တော်​မူ၏။

မော​ရှေ​က​လည်း၊ ဤ​လူ​တို့​ကို​ပို့​ဆောင်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​တွင် အ​ကျွန်ုပ်​နှင့်​အ​တူ အ​ဘယ်​သူ​ကို စေ​လွှတ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ရ။ သို့​သော်​လည်း ကိုယ်​တော်​က သင့်​ကို​သင်၏​နာ​မ​ဖြင့်​ငါ​သိ၏။ သင်​သည် ငါ့​ရှေ့၌​မျက်​နှာ​ရ​ပြီ​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ပြီ။

ယ​နေ့​ငါ​မှာ​ထား​သော​စ​ကား​ကို မှတ်​လော့။ သင့်​ရှေ့​မှာ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို ငါ​နှင်​ထုတ်​မည်။

တစ်​ပါး​အ​မျိုး​သား​များ​ကို သင်​တို့​ရှေ့​က​ငါ​နှင်​ထုတ်၍၊ သင်​တို့​နေ​ရာ​နယ်​ကို ငါ​ကျယ်​စေ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​နှစ်​တွင်​သုံး​ကြိမ် မျက်​နှာ​ပြ​သွား​သော​အ​ခါ၊ သင်၏​မြေ​ကို အ​ဘယ်​သူ​မျှ​မ​တပ်​မက်​ရ။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ကွယ်​ကာ စောင့်​မ​တော်​မူ​သ​ဖြင့်၊ အား​နည်း​သော​သူ​သည် ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​လည်း​ကောင်း၊ ဒါ​ဝိဒ်​မင်း​မျိုး​သည် ဘု​ရား​သ​ခင် ကဲ့​သို့​လည်း​ကောင်း သူ​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန် ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ထံ​က​တ​ရွေ့​ရွေ့ နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ တော​သား​ရဲ​တို့​သည် သင့်​တစ်​ဖက်၌ များ​ပြား​မည်​ကို စိုး​ရိမ်၍၊ သူ​တို့​ကို​ချက်​ချင်း မ​ပယ်​မ​ရှား​သင့်။

တစ်​ဖန် သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​သော​အ​ခါ၊ ယေ​ရိ​ခေါ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် သင်​တို့​ကို​စစ်​တိုက်၍ သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​လေ၏။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​တွင်​ရှိ၍၊ သင်​တို့​ရှေ့​မှ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဟိ​ဝိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို စင်​စစ်​နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း​ကို အ​ဘယ်​သို့​သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊

အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ