Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 33:1

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော​လူ​တို့၊ ဤ​အ​ရပ်​မှ​ထွက်၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်၌ ငါ​ကျိန်​ဆို​သော​ပြည်​သို့ သွား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​လျက်၊ အဲ​ဂု​တ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူ​သော၊ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်၊ ဤ​ပြည်​ကို​လည်း​ကောင်း၊

အာ​ဗြ​ဟံ​လက်​ထက် ထို​ပြည်၌​ဖြစ်​ဖူး​သော အ​စာ​ခေါင်း​ပါး​ခြင်း​မှ​တစ်​ပါး၊ နောက်​တစ်​ဖန် အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​ပြန်​သည်​ဖြစ်၍၊ ဣ​ဇာက်​သည် ဖိ​လိ​တ္တိ​မင်း​ကြီး အ​ဘိ​မ​လက်​နေ​ရာ​ဂေ​ရာ​မြို့​သို့ သွား​လေ၏။

ယ​ခု​ဤ​ပြည်၌ တည်း​ခို၍​နေ​လော့။ သင့်​ဘက်​မှာ​ငါ​နေ၍ ကောင်း​ချီး​ပေး​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​ဘ​အာ​ဗြ​ဟံ​အား ငါ​ကျိန်​ဆို​သော​စ​ကား​ရှိ​သည်​အ​တိုင်း​ငါ​ပြု​မည်။

ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​ရွာ​မှ​ထွက်၍၊ ခါ​ရန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​တွင်၊

ယော​သပ်​က​လည်း၊ ကျွန်ုပ်​သေ​တော့​မည်။ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့၊ ဤ​ပြည်​မှ​ဆောင်​သွား​တော်​မူ​မည်​ဟု အစ်​ကို​တို့​အား​ဆို၏။

လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။

မော​ရှေ​သည် တောင်​ပေါ်​မှာ ကြာ​မြင့်​စွာ​ရှိ​နေ​ကြောင်း​ကို လူ​များ​တို့​သည် သိ​မြင်​သော​အ​ခါ၊ အာ​ရုန်​ထံ​သို့​စည်း​ဝေး​ကြ၍၊ ထ​ပါ။ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။

ကိုယ်​တော်​က သင်​တို့​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့ ငါ​များ​ပြား​စေ​မည်။ ငါ​ပြော​ခဲ့​သော ဤ​မြေ​ရှိ​သ​မျှ​ကို သင်​တို့​အ​မျိုး​အ​နွယ်​အား ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်​ဟု ကိုယ်​ကို​ကိုယ်​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သော​စ​ကား​ကို ခံ​ခဲ့​ပြီး​သော ကိုယ်​တော်၏​ကျွန် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့​ကို အောက်​မေ့​တော်​မူ​ပါ​ဟု မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​လေ၏။

သို့​ဖြစ်၍ ငါ​မှာ​ထား​သော​အ​ရပ်​သို့ သူ​တို့​ကို ယ​ခု​သွား၍​ပို့​ဆောင်​လော့။ ငါ့​တ​မန်​သည် သင့်​ရှေ့​မှာ​သွား​လိမ့်​မည်။ သို့​သော်​လည်း ငါ​သည်​အ​ကြည့်​အ​ရှု ကြွ​လာ​သော​အ​ခါ၊ သူ​တို့၌​အ​ပြစ်​ပေး​လျက်​ကြွ​လာ​မည်​ကို မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဆင်း​သွား​လော့။ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော သင်၏​လူ​တို့​သည် ဖောက်​ပြန်​ကြ​ပြီ။

သူ​တို့​ပြည်​တည်း​ဟူ​သော နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​ကို သင်​တို့​သည် အ​မွေ​ခံ​စေ​ခြင်း​ငှာ ငါ​အ​ပိုင်​ပေး​မည်​ဟု ငါ့​အ​မိန့်​တော်​ရှိ​ပြီ။ ငါ​သည် သင်​တို့​ကို အ​ခြား​သော​အ​မျိုး​နှင့်​ခွဲ​ထား​သော သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သူ​တို့​ဘိုး​ဘေး​များ၌ ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍၊ အ​ထိန်း​သည် နို့​စို့​သူ​ငယ်​ကို​ဆောင်​သ​ကဲ့​သို့ ဤ​လူ​တို့​ကို​ပိုက်​ချီ​လျက် ဆောင်​လော့​ဟု အ​ကျွန်ုပ်​အား​မိန့်​တော်​မူ​မည်​အ​ကြောင်း၊ ဤ​လူ​အ​ပေါင်း​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​ဝန်​ဆောင်​ပါ​သ​လော။ ဖွား​မြင်​ပါ​သ​လော။

ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ဆောင်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်၌​လည်း​ကောင်း၊ တော၌​လည်း​ကောင်း၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လေ၏။

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ