Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:31

Judson Bible

ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့​ပြန်​သွား၍၊ အို​ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ​ပါ၏။ မိ​မိ​တို့​အ​ဖို့ ရွှေ​ဘု​ရား​ကို​လုပ်​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​အ​သက်​လွတ်၍ ကျန်​ကြွင်း​သေး​သော​သူ ဖြစ်​ပါ၏။ ကိုယ်​အ​ပြစ်​များ​ကို ရှေ့​တော်၌ တောင်း​ပန်​ပါ၏။ ထို​အ​ပြစ်​ကြောင့်၊ ရှေ့​တော်၌ နေ​ရာ​မ​ရ​နိုင်​ပါ​ဟု တောင်း​လျှောက်​လေ၏။

ထို​မျှ​မ​က သူ​တို့​သည် နွား​သ​ငယ်​အ​ရုပ်​ကို သွန်း၍၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ အ​လွန်​ပြစ်​မှား​သော်​လည်း၊

ကိုယ်​တော်​မူ​ကား အ​ကျွန်ုပ်​တို့​အ​ပေါ်​သို့ ရောက်​စေ​သ​မျှ​သော​အ​မှု၌ တ​ရား​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် တ​ရား​သ​ဖြင့်​သာ စီ​ရင်​တော်​မူ​ပြီ။

ငါ့​ကို​ကိုး​ကွယ်​သော​အ​မှု၌ ကိုယ်​သုံး​ဖို့ ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား​ကို​မ​လုပ်​ရ။

အ​ထက်​မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​အောင်၊ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။

နက်​ဖြန်​နေ့၌​လည်း၊ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ငါ​တက်​သွား၍၊ သင်​တို့​အ​ပြစ်​ဖြေ​နိုင်​လျှင် ဖြေ​စေ​ခြင်း​ငှာ​ပြု​မည်​ဟု မော​ရှေ​သည် လူ​များ​တို့​အား​ဆို​ပြီး​မှ၊

ထို​အ​ရပ်​မှာ မော​ရှေ​သည် အ​စာ​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ နေ​လေ၏။ ကျောက်​ပြား​ပေါ်​မှာ ပ​ဋိ​ညာဉ်​စ​ကား၊ ပ​ညတ်​တော်​ဆယ်​ပါး​ကို ရေး​ထား​တော်​မူ၏။

အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ လွှဲ​သွား၍ ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ကျိန်​ဆို​တော်​မူ​ခြင်း​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌ မှတ်​သား​သော​အ​ကျိန်​ကို အ​ကျွန်ုပ်​တို့ အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ကျင့်​မိ​ပါ​ပြီ။ ပုန်​ကန်​မိ​ပါ​ပြီ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော တ​ရား​လမ်း​မှ လွှဲ​မိ​ပါ​ပြီ။

အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်၊ မင်း​သား၊ အ​သက်​ကြီး​သူ​မှ​စ၍ အ​ကျွန်ုပ်​တို့​သည် မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ