Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:30

Judson Bible

နက်​ဖြန်​နေ့၌​လည်း၊ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ငါ​တက်​သွား၍၊ သင်​တို့​အ​ပြစ်​ဖြေ​နိုင်​လျှင် ဖြေ​စေ​ခြင်း​ငှာ​ပြု​မည်​ဟု မော​ရှေ​သည် လူ​များ​တို့​အား​ဆို​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့် ပြု​ဘိ​သ​နည်း။ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​အ​သက်​ကို ဓား​ဖြင့်​သတ်၍ သူ၏​မ​ယား​ကို သိမ်း​လေ​ပြီ​တ​ကား။ ထို​သူ​ကို အ​မ္မုန်​အ​မျိုး​သား​ဓား​နှင့် သတ်​လေ​ပြီ​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ဒု​က္ခ​ကို​ကြည့်​ရှု၍ ယ​နေ့ ထို​သူ​ကျိန်​ဆဲ​သည်​အ​တွက် ကောင်း​သော​အ​ကျိုး​ကို ပြန်​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဘိ​ရှဲ​နှင့် ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​ကို ဒါ​ဝိဒ်​မင်း​မျိုး​မှ​ဆုတ်​ဖဲ့၍၊ သူ​တို့​သည် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ရော​ဗောင်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့​လိုက်​ရာ​လမ်း​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို လွှဲ​စေ၍ ဒု​စ​ရိုက်​ကြီး​ကို ပြု​စေ၏။

ယဇ်​ပု​ရော​ဟိတ်​မော​ရှေ​နှင့် အာ​ရုန်၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှ​မွေ​လ၊ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​တော်​သည် ထူး​တော်​မူ၏။

တစ်​ဖန်​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​ကောင်း​ချီး​ပေး​တော်​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​သား၊ ကိုယ်​ညီ​အစ်​ကို​ကို​ထိ​ခိုက်​သော​အား​ဖြင့်၊ သင်​တို့​သည် ယ​နေ့​ကိုယ်​ကို​ချီး​မြှောက်​ကြ​ပြီ​ဟု ဆို​လေ၏။

ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။

ငါ​တို့​သည် ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်​ပြောင်း​လဲ၍ နောင်​တ​ရ​သ​ဖြင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ကို ငြိမ်း​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း​ဟု မင်း​ကြီး​အာ​ဏာ၊ မှူး​မတ်​အာ​ဏာ​နှင့် နိ​နေ​ဝေ​တစ်​မြို့​လုံး​တွင် သ​တင်း​ကြား​ပြော၍ ကြော်​ငြာ​စေ​တော်​မူ၏။

အာ​ရုန်​အား​မှာ​ထား​သည်​အ​တိုင်း၊ အာ​ရုန်​သည်​ယူ၍ ပ​ရိ​သတ်​ထဲ​သို့ ပြေး​လေ၏။ ထို​အ​ခါ လူ​တို့၌​ဘေး​ဥ​ပဒ်​ရောက်​စ ရှိ​သည်​ဖြစ်၍၊ လော​ဗန်​ကို​တင်​သ​ဖြင့် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၏။

သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သော​ကြောင့်၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထို​ပ​ဋိ​ညာဉ်​တည်း​ဟူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော ပ​ဋိ​ညာဉ်​ကို​ရ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။-

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ဇာ​တိ​အား​ဖြင့် ငါ့​အ​မျိုး​သား​ချင်း​ဖြစ်​သော ငါ့​ညီ​အစ်​ကို​တို့​အ​တွက်၊ ငါ​သည် ကိုယ်​တိုင် ခ​ရစ်​တော်​နှင့်​ခွာ၍ ကျိန်​ခြင်း​ကို ခံ​ချင်​လောက်​အောင် စိတ်​ရှိ၏။-

ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။-

ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊-

အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-

ယ​နေ့ ဂျုံ​စ​ပါး​ရိတ်​ရာ​ကာ​လ​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း၍ မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြစ်​မှား​မိ​သော​အ​ပြစ်​သည် ကြီး​ကြောင်း​ကို ရိပ်​မိ​သိ​မြင်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​ပြီး​လျှင်၊

လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။

ရှ​မွေ​လ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ဒု​စ​ရိုက်​အ​ပေါင်း​ကို ပြု​မိ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ မ​လွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု​ကြ​လော့။

ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။

ထို​ယဇ်​ပု​ရော​ဟိတ်​ပျို​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို လူ​များ ရွံ​စ​ရာ​ပြု​သော​ကြောင့်၊ ရှေ့​တော်၌ အ​လွန်​အ​ပြစ်​ကြီး​သော​သူ ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ