Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:17

Judson Bible

လူ​များ​ကြွေး​ကြော်​သံ​ကို ယော​ရှု​သည်​ကြား​လျှင်၊ တပ်၌​စစ်​တိုက်​သံ​ကို ကြား​ပါ​သည်​ဟု မော​ရှေ​အား​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ၏​သား နုန်၊ သူ၏​သား ယော​ရှု​တည်း။

တံ​ပိုး​များ အ​လယ်​သို့​ရောက်၍ အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​တတ်၏။ ဗိုလ်​ခြေ​အော်​ဟစ်၍ အ​သံ​ဗ​လံ​ပြု​ခြင်း​နှင့်​တ​ကွ၊ စစ်​တိုက်​ပွဲ​ကို အ​ဝေး​က အ​နံ့​ခံ​တတ်၏။

လူ​များ​အ​ပေါင်း​တို့၊ လက်​ခုပ်​တီး​ကြ​လော့။ ဘု​ရား​သ​ခင်​ထံ​သို့ အောင်​သံ​ကို​လွှင့်၍ ကြွေး​ကြော်​ကြ​လော့။

မော​ရှေ​က​လည်း၊ လူ​တို့​ကို​ရွေး၍ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ထွက်​လော့။ နက်​ဖြန်​နေ့၌ ဘု​ရား​သ​ခင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ တောင်​ထိပ်​ပေါ်​မှာ ငါ​ရပ်​နေ​မည်​ဟု ယော​ရှု​အား​ဆို​၏။

မော​ရှေ​သည် မိ​မိ​လက်​ထောက်​ယော​ရှု​နှင့်​အ​တူ​ထ၍ ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​သို့ တက်​သွား၏။

ထို​ကျောက်​ပြား​တို့​သည် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​ကျောက်​ပြား၊ စာ​သည်​လည်း ဘု​ရား​သ​ခင်​အ​က္ခ​ရာ​တင်​တော်​မူ​သော​စာ ဖြစ်​သ​တည်း။

မော​ရှေ​က​လည်း၊ ငါ​ကြား​သော​အ​သံ​သည် အောင်၍​ကြွေး​ကြော်​သံ​မ​ဟုတ်၊ ရှုံး၍​ငို​ကြွေး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​ဆို​သံ​ဖြစ်​သ​တည်း​ဟု ပြန်​ပြော၏။

နက်​ဖြန်​နံ​နက်​စော​စော လူ​တို့​သည်​ထ၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ပြီး​မှ၊ စား​သောက်​လျက်​ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ သင့်​ကို ကျိုင်း​ကောင်​များ​နှင့် ပြည့်​စေ​သ​ကဲ့​သို့ လူ​များ​နှင့်​ပြည့်​စေ​မည်။ သူ​တို့​သည် သင့်​တစ်​ဖက်၌ ကြွေး​ကြော်​သံ​ကို လွှင့်​ကြ​လိမ့်​မည်။

ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။

မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။

ယော​ရှု​က​လည်း၊ သင်​တို့​သည် ကြွေး​ကြော်​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော​နေ့​မ​ရောက်​မီ​တွင် မ​ကြွေး​ကြော်​ရ၊ အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ရ၊ စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​ရ။ ထို​နေ့​ရောက်​မှ ကြွေး​ကြော်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​မှာ​နှင့်​လေ​ပြီ။

သ​တ္တ​မ​အ​ကြိမ်​တွင် ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ယော​ရှု​က၊ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မြို့​ကို ပေး​တော်​မူ​မည်။

ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။

ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

လေ​ဟိ​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ကြွေး​ကြော်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ့​လက်၌ ချည်​သော​ကြိုး​တို့​သည် မီး​ထိ​သော ပိုက်​ဆန်​ရိုး​ကဲ့​သို့ ဖြစ်၍ အ​ချည်​အ​နှောင်​ကျွတ်​လေ၏။

ဒါ​ဝိဒ်​သည် နံ​နက်​စော​စော​ထ၍ သိုး​တို့​ကို သိုး​ထိန်း၌​အပ်​ပြီး​လျှင်၊ အ​ဘ​မှာ​လိုက်​သည်​အ​တိုင်း စား​စ​ရာ​ကို​ယူ​သွား၍၊ ရိ​က္ခာ​လှည်း​ထား​ရာ​သို့ ရောက်​သော​အ​ခါ၊

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ထ၍ ကြွေး​ကြော်​လျက် ချိုင့်​တိုင်​အောင်​လည်း​ကောင်း၊ ဧ​ကြုန်​မြို့ တံ​ခါး​တိုင်​အောင်​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ကြ၏။ ထိ​ခိုက်​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ရှာ​ရိမ်​မြို့ လမ်း​နား​မှ​စ၍ ဂါ​သ​မြို့၊ ဧ​ကြုန်​မြို့​တိုင်​အောင် လဲ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ