Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:16

Judson Bible

ထို​ကျောက်​ပြား​တို့​သည် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​ကျောက်​ပြား၊ စာ​သည်​လည်း ဘု​ရား​သ​ခင်​အ​က္ခ​ရာ​တင်​တော်​မူ​သော​စာ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ခဲ​ပြား​ပေါ်​မှာ​က​ညစ်​နှင့် အ​က္ခ​ရာ​တင်​လျက်၊ ကျောက်​စာ​ထိုး​လျက်​မြဲ​ပါ​စေ​သော။

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​ယူ​လျက်၊ လှည့်၍ တောင်​ပေါ်​က​ဆင်း​သွား​လေ၏။ ထို​ကျောက်​ပြား​နှစ်​မျက်​နှာ၌ အ​က္ခ​ရာ​တင်​လျက်​ရှိ၏။

လူ​များ​ကြွေး​ကြော်​သံ​ကို ယော​ရှု​သည်​ကြား​လျှင်၊ တပ်၌​စစ်​တိုက်​သံ​ကို ကြား​ပါ​သည်​ဟု မော​ရှေ​အား​ဆို၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​လော့။ သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​ကျောက်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​ပြီး​မှ၊ မော​ရှေ​သည် နံ​နက်​စော​စော​ထ၍ ထို​ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ တက်​လေ၏။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် မင်​နှင့် ရေး​ထား​သော စာ​မ​ဟုတ်။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ရေး၍​လည်း​ကောင်း၊ ကျောက်​ပြား​ပေါ်၌​မ​ရေး​ဘဲ အ​သား​နှင့် ပြည့်​စုံ​သော နှ​လုံး​ပြား​ပေါ်၌ ရေး၍​လည်း​ကောင်း၊ ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်၏​စာ ထင်​ရှား​စွာ​ဖြစ်​ကြ၏။-

ထို​မှ​တစ်​ပါး ပျောက်​တတ်​သော ရောင်​ခြည်​တည်း​ဟူ​သော မော​ရှေ၏​မျက်​နှာ​မှ ထွက်​သော ရောင်​ခြည်​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ၏​မျက်​နှာ​ကို စေ့​စေ့​မ​ကြည့်​ရှု​နိုင်​သည်​တိုင်​အောင်၊ ကျောက်​ပြား​ပေါ်၌ အ​က္ခ​ရာ​တင်၍ ရေး​ထား​သော သေ​ခြင်း၏​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​သည်​မှန်​လျှင်၊-

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နည်း​တူ၊ ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ဦး​လော့။ ငါ​ရှိ​ရာ​သို့ တက်​လာ​လော့။ သေ​တ္တာ​ကို​လည်း လုပ်​လော့။

ထို​အ​ခါ​ငါ​သည် ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ပြား​ကို ကိုင်​လျက်၊ လှည့်၍ မီး​လောင်​သော​တောင်​ပေါ်​က ဆင်း​လာ၏။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​စိတ်​ဝိ​ညာဉ်​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ