Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:36

Judson Bible

အ​ချို့​ကို​လည်း ညက်​ညက်​ထောင်း​ပြီး​မှ၊ ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သက်​သေ​ခံ​ချက်​ရှေ့​မှာ​ထား​ရ​မည်။ သင်​တို့​တွင် အ​လွန်​သန့်​ရှင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​မ​န္န​ကို အာ​ရုန်​စောင့်​စေ​ခြင်း​ငှာ၊ သက်​သေ​တော်​ရှေ့​မှာ​သို​ထား​လေ၏။

ထို​အ​ရပ်၌ ငါ​သည်​သင်​နှင့်​တွေ့၍၊ သက်​သေ​ခံ​ချက်​ထား​သော သေ​တ္တာ​ဖုံး​အ​ပေါ်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​စပ်​ကြား​မှာ သင်​နှင့်​နှုတ်​ဆက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ဆင့်​ဆို​ရာ​သ​မျှ​တို့​ကို စီ​ရင်​မည်။

အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ညဉ့်​ဦး​မှ​သည် နံ​နက်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည်၊ သား​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

ဆေး​သ​မား​အ​တတ်​နှင့် နှာ​ဆေး​ကို ဖော်​တတ်​သည်​နည်း​တူ ရော​နှော၍၊ သန့်​ရှင်း​စင်​ကြယ်​သော နံ့​သာ​ပေါင်း​ကို​ဖော်​ရ​မည်။

ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ သက်​သေ​ခံ​ချက်​ထား​သော​သေ​တ္တာ​ကို ကာ​သော ကု​လား​ကာ​ရှေ့၌ ထို​ပ​လ္လင်​ကို​ထား​ရ​မည်။

သင်၏​အစ်​ကို​အာ​ရုန်​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော​အ​ဖုံး​ကို ကွယ်​ကာ​သော ကု​လား​ကာ​အ​တွင်း​သို့ အ​ခါ​ခပ်​သိမ်း​မ​ဝင်​စေ​ခြင်း​ငှာ ဆင့်​ဆို​လော့။ ငါ​သည် သေ​တ္တာ​ဖုံး​အ​ပေါ်၊ မိုး​တိမ်၌​ထင်​ရှား​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ