Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:35

Judson Bible

ဆေး​သ​မား​အ​တတ်​နှင့် နှာ​ဆေး​ကို ဖော်​တတ်​သည်​နည်း​တူ ရော​နှော၍၊ သန့်​ရှင်း​စင်​ကြယ်​သော နံ့​သာ​ပေါင်း​ကို​ဖော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​သည် တဲ​တော်​ထဲ​က ဆီ​ဘူး​ကို​ယူ၍ ရှော​လ​မုန်​ကို ဘိ​သိက်​ပေး​ပြီး​မှ၊ သူ​တို့​သည် တံ​ပိုး​မှုတ်၍၊ ရှော​လ​မုန်​မင်း​ကြီး​သည် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု လူ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား အ​ချို့​တို့​သည်​လည်း နံ့​သာ​ဆီ​ကို​လုပ်​ရ​ကြ၏။

အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။

ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။

ဆေး​သ​မား​အ​တတ်​နှင့် ဖ​ယောင်း​ဆီ​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ လိမ်း​ရန်​ဆီ​တည်း​ဟူ​သော သန့်​ရှင်း​သော​နံ့​သာ​ဆီ​ကို​ဖော်​ပြီး​မှ၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ မွှေး​သော နံ့​သာ​မျိုး​တည်း​ဟူ​သော န​တပ်​စေး၊ မွှေး​သော​ငါး​ခွံ၊ ဂါ​လ​ဗန်​စေး၊ စင်​သော​လော​ဗန်​စေး​တို့​ကို အ​ညီ​အ​မျှ​ချိန်​ယူ၍၊

အ​ချို့​ကို​လည်း ညက်​ညက်​ထောင်း​ပြီး​မှ၊ ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သက်​သေ​ခံ​ချက်​ရှေ့​မှာ​ထား​ရ​မည်။ သင်​တို့​တွင် အ​လွန်​သန့်​ရှင်း​ရ​မည်။

နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။

ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။

မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။ ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​မီး​ခဲ​နှင့် ပြည့်​သော လင်​ပန်း​ကို​ကိုင်​လျက်၊ ညက်​စွာ​သော နံ့​သာ​ပေါင်း​မွှေး​အ​မှုန့်​ကို မိ​မိ​လက်၌​အ​ပြည့်​ယူ၍၊ ကု​လား​ကာ​အ​တွင်း​သို့ ဆောင်​သွား​ရ​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လေ​ရာ​ရာ၌ ဆား​ခပ်​ရ​မည်။ သင်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌၊ သင်၏​ဘု​ရား​သ​ခင်​ပ​ဋိ​ညာဉ်​ဆား​ကို မ​ခပ်​ဘဲ​မ​နေ​ရ။

ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ