Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 3:2

Judson Bible

ထို​အ​ခါ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် ချုံ​ထဲ​က​ထွက်​သော မီး​လျှံ၌​ထင်​ရှား၏။ မော​ရှေ​သည်​ကြည့်​သော​အ​ခါ၊ မီး​လောင်၍ ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သည်​ကို မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။

ထို​အ​ခါ၊ ထာ​ဝရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ​ဟု ကောင်း​ကင်​ပေါ်​က​ခေါ်​လေ၏။ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု​လျှောက်​လျှင်၊

ငါ့​ကို​ခပ်​သိမ်း​သော​ဘေး​ဒဏ်​အ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ ဤ​သူ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သူ​တို့​ကို​ငါ့​အ​မည်​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်၏​အ​မည်​ဖြင့်​လည်း​ကောင်း၊ ထပ်၍​မှည့်​ပါ​စေ​သော။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​ပွား​များ​ပြား​ပါ​စေ​သော​ဟု မြွက်​ဆို၏။

အ​ကျွန်ုပ်​တို့​ခေါင်း​ပေါ်​မှာ သူ​တစ်​ပါး​ကို​စီး​စေ​တော်​မူ​ပြီ။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း သွား​ရ​သော်​လည်း၊ ကျေး​ဇူး​တော်​ကြောင့် ကြွယ်​ဝ​ခြင်း​သို့ ရောက်​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ဖြင့်​လွှမ်း​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​သော​ကြောင့်၊ တစ်​တောင်​လုံး မီး​ခိုး​ထွက်​လေ​၏။ မီး​ခိုး​သည်​လည်း မီး​ဖို၏​မီး​ခိုး​ကဲ့​သို့​တက်၍ တစ်​တောင်​လုံး ပြင်း​စွာ​လှုပ်​လေ၏။

ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။

ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တောင်​ထိပ်​ပေါ်​မှာ လောင်​သော​မီး​ကဲ့​သို့ ထင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ရ​ကြ၏။

သွား၍ ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ထင်​ရှား​တော်​မူ​လျက်၊ အ​ကယ်​စင်​စစ် သင်​တို့​ကို​ငါ​အ​ကြည့်​အ​ရှု​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​အား​ပြု​သော​အ​မှု​ကို ငါ​မြင်​ပြီ။

သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။

အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။

စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား ဖြစ်​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​ကြောင်း​ကို မော​ရှေ​၏​ကျမ်း၊ ချုံ​ခဏ်း​၌ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။-

ထို​မှ​တစ်​ပါး၊ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဟု ချုံ​ခဏ်း​၌ ခေါ်​ဝေါ်​သော​အ​ခါ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ကြောင်း​ကို ဖော်​ပြ​ခဲ့​ပြီ။-

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-

မြေ​ကြီး​ဘ​ဏ္ဍာ စုံ​လင်​ရာ​အား​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ချုံ၌​နေ​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏ ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။

သင်​တို့​သည် ယ​နေ့၌​ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အ​မွေ​ခံ​တော်​မူ​သော လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည် သံ​မီး​ဖို​ထဲ​က​နုတ်၍ ယူ​ဆောင်​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ ငါ​ပြော​သ​မျှ​ကို မိန်း​မ​ရှောင်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ