Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 3:1

Judson Bible

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​မှ ဧ​လိ​ယ​သည် သွား​ပြီး​လျှင်၊ နွား​ငါး​ရှဉ်း​နှင့် လယ်​ထွန်​လျက်၊ နောက်​ဆုံး​နွား​ရှဉ်း၌ ကိုယ်​တိုင်​လိုက်​သော ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို​တွေ့၍ အ​နား၌​လျှောက်​စဉ်​တွင်၊ မိ​မိ​ဝတ်​လုံ​ကို သူ့​အ​ပေါ်​မှာ​တင်​လေ၏။

ဧ​လိ​ယ​သည် ထ၍ စား​သောက်​ပြန်၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို အ​မှီ​ပြု​လျက်၊ အ​ရက်​လေး​ဆယ်​ခ​ရီး​သွား၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော ဟော​ရပ်​တောင်​သို့ ရောက်​သ​ဖြင့်၊

သူ​တို့​သည် ဟော​ရပ်​တောင်​နား​မှာ နွား​သ​ငယ်​ကို လုပ်၍၊ အ​ရည်​သွန်း​သော​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။

ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။

မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။

သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။

ရေ​ဖိ​ဒိမ်​အ​ရပ်​က​ထွက်​သွား​ပြီး​မှ သိ​နာ​တော​သို့​ရောက်၍၊ ထို​တော၌ တောင်​ရှေ့​မှာ တပ်​ချ​ကြ​၏။

မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊

ထို​အ​ခါ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်၏​သ​မီး ညီ​အစ်​မ​ခု​နစ်​ယောက်​တို့​သည်၊ မိ​မိ​တို့​အ​ဘ၏​သိုး​ဆိတ်​များ​ကို ရေ​တိုက်​ခြင်း​ငှာ​လာ၍​ရေ​ခပ်​ပြီး​လျှင်၊ ရေ​သောက်​ခွက်​တို့​၌ လောင်း​ကြ​၏။

ထို​မိန်း​မ​တို့​သည် အ​ဘ​ရွေ​လ​ထံ​သို့​ရောက်​ကြ​သော်၊ အ​ဘ​က အ​ဘယ်​ကြောင့် ယ​နေ့​အ​လျင်​အ​မြန်​ရောက်​လာ​ရ​ကြ​သ​နည်း​ဟု မေး​လေ​၏။

မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။

မော​ရှေ​သည် မိ​မိ​လက်​ထောက်​ယော​ရှု​နှင့်​အ​တူ​ထ၍ ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​သို့ တက်​သွား၏။

ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​က​လည်း၊ မ​ချဉ်း​နှင့်။ သင်၏​ခြေ​နင်း​ကို​ချွတ်​လော့။ သင်​နင်း​သော အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရပ်​တောင်​ခြေ​ရင်း၌ မိ​မိ​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ၏။

မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ရှေ​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​တော​သို့​သွား​လော့​ဟု အာ​ရုန်​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​သည်​သွား​လျှင်၊ ဘု​ရား​သ​ခင်၏​တောင်​ပေါ်၌ မော​ရှေ​ကို​တွေ့၍ နမ်း​ခြင်း​ကို​ပြု၏။

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ၏​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ မြေ​ကြီး​မ​လှုပ်​မီ နှစ်​နှစ်​အ​ထက်​က၊ သိုး​ထိန်း​စု​အ​ဝင်​ဖြစ်​သော တေ​ကော​ရွာ​သား အာ​မုတ်​သည် ဣ​သ​ရေ​လ​ပြည်​အ​တွက်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဟော​ရပ်​အ​ရပ်၌​ငါ​မှာ​ထား​သော၊ ငါ့​ကျွန်​မော​ရှေ၏​တ​ရား​တည်း​ဟူ​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို အောက်​မေ့​ကြ​လော့။

မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း ငါ​တို့​အား​ပေး​တော်​မူ​မည်​အ​ရပ်​သို့ ငါ​တို့​သည် ယ​ခု​ခ​ရီး​သွား​ကြ၏။ ငါ​တို့​နှင့်​အ​တူ လိုက်၍​လာ​ပါ။ ငါ​တို့​သည် ကျေး​ဇူး​ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​မည် က​တိ​ရှိ​ပါ၏​ဟု မိ​မိ​ယော​က္ခ​မ​မိ​ဒျန်​အ​မျိုး၊ ရွေ​လ​သား၊ ဟော​ဗပ်​အား​ဆို​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​မှ​ထွက်၍၊ သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ၏။ ထို​သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သူ​တို့​အ​ဖို့ စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သူ​တို့​ရှေ့​က​သွား​လေ၏။

ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊-

အ​နှစ်​လေး​ဆယ်​လွန်​သော​အ​ခါ၊ သိ​နာ​တောင် ခြေ​ရင်း​တော​တွင်၊ မီး​လောင်​သော​ချုံ​၌ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် ထင်​ရှား၏။-

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။

ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဟော​ရပ်​အ​ရပ်၌ ငါ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်၌​နေ​ကြ​ပြီ။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။

သင်၌ သား​မ​ရှိ​ပြီ​လော​ဟု ယေ​ရှဲ​အား​မေး​လျှင်၊ ယေ​ရှဲ​က အ​ငယ်​ဆုံး​သော​သား ရှိ​ပါ​သေး၏။ သိုး​တို့​ကို ထိန်း​ကျောင်း​လျက်​နေ​ပါ​သည်​ဟု ပြော​ဆို​သော်၊ ရှ​မွေ​လ​က သူ့​ကို​ခေါ်​စေ​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပါ။ သူ​မ​ရောက်​မီ ပွဲ​သို့​ဝင်၍ မ​ထိုင်​ရ​ဟု ဆို​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ