Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 29:2

Judson Bible

တ​ဆေး​မ​ပါ​သော​ဂျုံ​မုန့်၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ပြား၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ကြွပ်​တို့​ကို​လည်း​ကောင်း ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​က မုန့်​တစ်​လုံး၊ ဆီ​နှင့်​လုပ်​သော​မုန့်​ပြား​တစ်​ပြား၊ မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ​၍၊

ထို​မုန့်​များ​ကို တောင်း​တစ်​လုံး​ထဲ၌​ထည့်​ပြီး​မှ၊ နွား​တစ်​ကောင်၊ သိုး​နှစ်​ကောင်​နှင့်​တ​ကွ ဆောင်​ခဲ့​ရ​မည်။

ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​တင်​လျက်၊ ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ယဇ်​ပ​လ္လင်​မီး​သည် အ​လျှင်း​မ​သေ​ဘဲ၊ အ​စဉ်​မ​ပြတ်​လောင်​ရ​မည်။

ဆီ​ထည့်​သည်​ဖြစ်​စေ၊ မ​ထည့်​သည်​ဖြစ်​စေ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အာ​ရုန်၏​သား​အ​ပေါင်း​တို့​သည် အ​ညီ​အ​မျှ​ယူ​ရ​ကြ​မည်။

ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ​ပူ​ဇော်​လျှင်၊ ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ ဆီ​ရော​သော တ​ဆေး​မဲ့​မုန့်​ပြား၊ ဆီ​နှင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​ကြွပ်၊ ဆီ​ရော​သော မုန့်​ညက်​နှင့်​လုပ်၍​ကြော်​သော မုန့်​ပြား​တို့​ကို ပူ​ဇော်​ရ​မည်။

သင်​သည် အာ​ရုန်​နှင့် သူ၏​သား​များ၊ အ​ဝတ်​များ၊ လိမ်း​ရန်​ဆီ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​နွား​ထီး၊ သိုး​ထီး​နှစ်​ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ၍၊

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​တစ်​လုံး၊ ဆီ​နှင့်​လုပ်​သော​မုန့်​ပြား​တစ်​ပြား၊ မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍၊ မုန့်​များ​ကို ဆီ​ဥ​နှင့် လက်​ယာ​ပ​ခုံး​ပေါ်​မှာ​ထည့်​ပြီး​လျှင်၊

ဆီ​ရော​သော​မုန့်​ညက်​နှင့်​လုပ်​သော​မုန့်​ပြား၊ ဆီ​လူး​သော တ​ဆေး​မဲ့ မုန့်​ကြွပ်​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​တစ်​တောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။

ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည် ပြုတ်​သော ဆိတ်​ပ​ခုံး​တစ်​ဖက်၊ တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​ပြား​တစ်​ပြား၊ တ​ဆေး​မဲ့​မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍ နာ​ဇ​ရိ​လူ​လက်၌​ထည့်​ပြီး​လျှင်၊

သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ