Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 29:1

Judson Bible

သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ခန့်​ထား​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်၊ အာ​ရုန်​အ​မျိုး​နှင့် လေ​ဝိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်၍၊ တစ်​ပါး​အ​မျိုး​သား​ထုံး​စံ​အ​တိုင်း၊ ကိုယ်​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြ​ပြီ​မ​ဟုတ်​လော။ ထို​သို့​နှင့်​အ​ညီ၊ နွား​သ​ငယ်​တစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​ကို​ပေး၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​မ​ဟုတ်​သော​သူ​ထံ​မှာ ယဇ်​ပု​ရော​ဟိတ်​ပြု​ရ​သည်​တ​ကား။

သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ၊ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​ကို ခြောက်​ရက်​တွင်​ဖန်​ဆင်း​၍ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သ​တ္တ​မ​နေ့​ရက်​ကို ကောင်း​ချီး​ပေး​၍ သန့်​ရှင်း​စေ​တော်​မူ​၏။

သင်၏​အစ်​ကို​အာ​ရုန်​သည်၊ ငါ့​ရှေ့​မှာ​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ​မည်​အ​ကြောင်း၊ သူ​နှင့် သူ၏​သား​တည်း​ဟူ​သော နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ချယ်၍ သင့်​အောက်၌​ခန့်​ထား​လော့။

အာ​ရုန်​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ခွင့်​ရှိ၍၊ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ​ပေး​သော​ဉာဏ်​ကို​ရ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် ထို​အ​ဝတ်​ကို​လုပ်​ရ​မည်​အ​ကြောင်း မှာ​ထား​ရ​မည်။

ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။

ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍​သား​များ၊ အ​ဝတ်​များ​တို့​သည် သန့်​ရှင်း​ကြ​လိမ့်​မည်။

ထို​သို့​ယဇ်​ပ​လ္လင်​ကို သန့်​ရှင်း​စေ​ပြီး​သည်​နောက်၊ အ​ပြစ်​မ​ရှိ၊ ပျို​သော​နွား​ထီး​နှင့် အ​ပြစ်​မ​ရှိ​သော ဆိတ်​ထီး​ကို ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ ပူ​ဇော်​ရ​မည်။

စင်​ကြယ်​စေ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ စင်​ကြယ်​စေ​အပ်​သော​လူ​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ဆက်​ရ​မည်။

အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။

အ​ပြစ်​ပါ​သော​အ​ကောင်​ကို မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

ယဇ်​ပ​လ္လင်​မီး​သည် အ​လျှင်း​မ​သေ​ဘဲ၊ အ​စဉ်​မ​ပြတ်​လောင်​ရ​မည်။

ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့​ရ​မည်။

ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခန့်​ထား​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​များ​ထဲ​က၊ သူ​တို့​ခံ​ရ​သော​အ​ဖို့ ဖြစ်၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊

အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။

ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-

အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ