ထိုနောက်၊ နွားထီးတစ်ကောင်ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။
ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ရမည်။
သိုးထီးတစ်ကောင်ကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ရမည်။
အခြားသောသိုးကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ရမည်။
ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။
ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကို ထာဝရဘုရား ရှေ့တော်၌ ပူဇော်ရမည်။
ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဖော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။
ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအားဆက်ရမည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဖို့ နွားထီးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်ကြ၏။
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်းဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ကြ၏။
လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့လက်ကိုတင်၍၊ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှာ၊ ထာဝရဘုရားရှေ့မှာ နွားတစ်ကောင်ကို အပြစ်ဖြေရာယဇ်၊ တစ်ကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။
အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။