ထွက်မြောက် 29:9Judson Bibleခါးပန်းကိုလည်းစည်း၍၊ ဦးထုပ်ကိုလည်းဆောင်းစေပြီးလျှင်၊ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပုရောဟိတ်အရာကိုဆိုင်ရမည်။ ထိုသို့ အာရုန်နှင့်သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။ အခန်းကိုကြည့်ပါ။ |
ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတစ်ပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
ထိုကြောင့် သင်နှင့် သင်၏သားတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာအမှု ရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အားကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကို ငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။