ပိတ်ချောအင်္ကျီကိုလည်းလုပ်၍ ချယ်လှယ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သောအလုပ်နှင့် ပြီးစေရမည်။
ဇာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏။ နောက်လိုက်သော အပေါင်းအဖော် အပျိုတော်များကိုလည်း၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်။
တဲတော်တံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာတစ်ထည်ကို လုပ်ရမည်။
ဝင်းတံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။
လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗောင်း၊ ခါးပန်းတည်းဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှာ၊
အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကိုဝတ်စေ၍၊ ထူးဆန်းသောသင်တိုင်းရင်စည်းနှင့် စည်းရမည်။
သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။
သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဖို့ ရက်သောပိတ်ချောအင်္ကျီများကိုလည်းကောင်း၊
သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောဘောင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။
ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ဘောင်းဘီကိုဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာကျွမ်းလောင်သော မီးရှို့ရာယဇ်ပြာကိုကျုံး၍ ပလ္လင်အနားမှာထားရမည်။