ထွက်မြောက် 28:38Judson Bibleအာရုန်သည် ထိုသင်းကျစ်ကို နဖူး၌ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအလှူဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏စိတ်တော်နှင့် တွေ့ခြင်းငှာ၊ အာရုန်၏နဖူး၌ အစဉ်ဆင်ရမည်။ အခန်းကိုကြည့်ပါ။ |
အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ ဝင်သော်လည်းကောင်း၊ သန့်ရှင်းရာအရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်လည်းကောင်း၊ အပြစ်ရောက်၍မသေစေခြင်းငှာ ထိုသို့ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုးအစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်း။
ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။-