သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံးစီခြားလျက်၊ အစဉ်အတိုင်းဆွဲထားရမည်။
အို ထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သောလူမျိုးသည် မင်္ဂလာရှိပါ၏။
ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့်လုပ်သော သလဲသီးများကိုလည်းကောင်း၊ ရွှေဆည်းလည်းများကိုလည်းကောင်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
အာရုန်သည် အမှုတော်ကိုဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်အထဲမှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကိုဝတ်၍ သူ၏အသံကို ကြားရမည်။
ထိုမှတစ်ပါး၊ ပြာသောအထည်ကိုရက်ပြီးမှ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။
သလဲသီးတစ်လုံး၊ ဆည်းလည်းတစ်လုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသောဝတ်လုံကို လုပ်၍ပြီးလေ၏။
တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာသခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသောအသီးကို စားရ၏။
သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ်သော သလဲတော၊ နာဒုပင်နှင့်ရောသော ဟင်္နာတော၊
နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့် တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။
ချိုင့်ထဲမှာ သစ်သီးများကို ကြည့်ရှု၍၊ စပျစ်နွယ်ပင် သန်သည် မသန်သည်ကိုလည်းကောင်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကိုလည်းကောင်း သိခြင်းငှာ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက်နှင့် တူကြ၏။
ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည် ဆေးရောသော စပျစ်ရည်နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော်မူပါစေမည်။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။